အိန္ဒိယနိုင်ငံက အိမ်ရှင်မတွေနဲ့ လမ်းဘေးပန်းသည်တွေဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လူသားတွေလိုမျိုး ကျွမ်းကျင်စွာ လိုက်လုပ်နိုင်မယ့် အနာဂတ် AI ရိုဘော့တွေကို ကိုယ်တိုင်လေ့ကျင့်သင်ကြားပေးနေကြပါတယ်။ သူတို့ဟာ စမတ်ဖုန်းတွေနဲ့ ဗီဒီယိုမျက်မှန်တွေကို ခေါင်းမှာတပ်ဆင်ပြီး သရက်သီးလှီးတာ၊ ပန်းကုံးသီတာကအစ အိမ်မှုကိစ္စအဝဝကို ရုပ်သံဖိုင်တွေ ရိုက်ကူးပေးနေကြတာ ဖြစ်ပါတယ် အဲဒီလို ရိုးရှင်းတဲ့နေ့စဉ်လှုပ်ရှားမှု ဗီဒီယိုတွေ ပေးပို့ရုံနဲ့တင် တစ်နာရီကို ၂၅၀ ရူပီး (၂.၆ ဒေါ်လာခန့်) အထိ ဝင်ငွေကောင်းကောင်း ရရှိနေကြတာ ဖြစ်ပါတယ်

The Indian workers training AI robots to take their jobs

ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေဟာ AI စနစ်တွေကို ဒစ်ဂျစ်တယ်ဒေတာတွေအပြင် တကယ့်လက်တွေ့လောကထဲမှာပါ အလုပ်လုပ်နိုင်အောင် အခုလို လူသားတွေရဲ့ ကိုယ်တိုင်လုပ်ဆောင်ချက် (Egocentric Data) တွေကို အထူးပြု AI မော်ဒယ်တွေထဲ ထည့်သွင်းပြီး ရိုဘော့တွေကို ပုံတူကူးချခိုင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ AI အချက်အလက်တွေကို ပြုပြင်စီရင်ပေးရတဲ့ အဓိကဗဟိုချက်မနေရာ ဖြစ်လာနေပြီး လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာတစ်ဝှမ်း လူတူရိုဘော့အကောင်ရေ သန်းတစ်ထောင်ကျော်အထိ ရှိလာတော့မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်

The Indian workers training AI robots to take their jobs

ဒါပေမဲ့ ဒီလိုနည်းပညာရေစီးကြောင်းနောက်မှာ စိုးရိမ်စရာကောင်းတဲ့ အမှန်တရားတစ်ခု ရှိနေပါတယ်။ အခုလို ရိုဘော့တွေကို လေ့ကျင့်ပေးနေတဲ့ လုပ်ငန်းစဉ်က အနာဂတ်မှာ သူတို့ကိုယ်တိုင်ရဲ့ အလုပ်အကိုင်တွေကို စက်ပစ္စည်းတွေဆီ လွှဲပြောင်းပေးလိုက်သလို ဖြစ်နေလို့ပါပဲ။ ဒီလိုအလိုအလျောက်စနစ်တွေ အစားထိုးလာတာက ရုံးဝန်ထမ်းတွေတင်မကဘဲ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမောင်းနှင်အားဖြစ်တဲ့ အခြေခံလုပ်သား သန်း ၄၉၀ ကျော်ရဲ့ အနာဂတ် အလုပ်အကိုင်တွေကိုပါ ပျောက်ဆုံးသွားစေနိုင်တဲ့ စိန်ခေါ်မှုကြီး ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

Ref : Aljazeera