ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်အပါအဝင် သုတေသနအဖွဲ့တစ်ခုက ဗုဒ္ဓဘာသာရှုထောင့်ကနေ လူတွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးနိုင်မယ့် AI စနစ်သုံး လူတူစက်ရုပ် “Buddharoid” ကို မိတ်ဆက်လိုက်ပါတယ်။ ဒီပရောဂျက်ဟာ ဂျပန်နိုင်ငံမှာ သံဃာတော် ရှားပါးလာမယ့် ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်တာဖြစ်ပြီး အနာဂတ်မှာ အဲဒီလူတူစက်ရုပ်က ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းအချို့ကို ကူညီလုပ်ဆောင်ပေးနိုင်ဖို့ ဒါမှမဟုတ် အစားထိုးလုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

Unitree robot becomes Japanese Buddhist monk “Buddharoid” | Cybernews

ဒီလူတူစက်ရုပ်ဟာ အမြင့် ၁၃၀ စင်တီမီတာခန့်နဲ့ အလေးချိန် ၃၅ ကီလိုဂရမ်ခန့် ရှိပြီး သံဃာတော်တွေ ဝတ်ဆင်လေ့ရှိတဲ့ ရိုးရာဝတ်စုံ “samue” ကို ဆင်မြန်းထားပါတယ်။ သူက အသံနဲ့ စကားပြောဆိုနိုင်ရုံတင်မကဘဲ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နိုင်တာ၊ လက်အုပ်ချီ ဆုတောင်းတာနဲ့ ရှိခိုးပူဇော်တာမျိုးတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဗုဒ္ဓစာပေတွေနဲ့ OpenAI ရဲ့ ChatGPT စနစ်ကို ပေါင်းစပ်ပြီး ဒီလူတူစက်ရုပ်ကို အဆင့်မြှင့်တင်ထားတာဖြစ်လို့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ မေးခွန်းတွေကို အဆင်ပြေပြေ တုံ့ပြန်ဖြေကြားနိုင်တာကို တွေ့ရပါတယ်။

Meet 'Buddharoid,' an AI-Powered Robot Monk

လက်ရှိမှာတော့ ဒီလူတူစက်ရုပ်ဟာ ရှေ့ပြေးပုံစံအဆင့်သာ ရှိသေးပြီး ရောင်းချဖို့ မဟုတ်သေးပါဘူး။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကိုးကွယ်တဲ့ ဘူတန်နိုင်ငံရဲ့ အကြံပြုချက်တွေအရ ဘာသာရေးနယ်ပယ်မှာ ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုက အရေးကြီးတာကြောင့် အခုလို လူတူစက်ရုပ်ပုံစံအဖြစ် ပြောင်းလဲဖန်တီးခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ သတ်မှတ်ထားတဲ့ ပွဲလမ်းသဘင်တွေမှာပဲ ကန့်သတ်အသုံးပြုသွားမှာဖြစ်ပါတယ်။

Ref : Nation Thailand