လျှပ်စစ်ကားလောကကို ကိုင်လှုပ်လိုက်တဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ BYD Group ရဲ့ အဆင့်မြင့်ကားအမှတ်တံဆိပ် DENZA ကနေ DENZA N8 လို့ အမည်ပေးထားတဲ့ ခရီးသည် ၅ ဦးစီး SUV ကားသစ်ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီကားမှာ စွမ်းဆောင်ရည်မြင့် 130.15 kWh ဘက်ထရီကို တပ်ဆင်ပေးထားပြီး တရုတ်နိုင်ငံရဲ့ CLTC စမ်းသပ်ချက်တွေအရ တစ်ခါအားအပြည့်သွင်းထားရင် ကီလိုမီတာ ၁,၀၀၃ (မိုင် ၆၂၀ ကျော်) အထိ စိတ်ချလက်ချ ခရီးဆက်နိုင်မယ်လို့ ဆိုပါတယ်။

BYD's new 5-seat electric SUV has a range of over 1,000 km

အံ့အားသင့်စရာအကောင်းဆုံးအချက်ကတော့ စူပါကားတွေတောင် လန့်သွားနိုင်တဲ့ စွမ်းဆောင်ရည်နဲ့ အားသွင်းစနစ်ပါပဲ။ BYD ရဲ့ နောက်ဆုံးပေါ် FLASH Charging နည်းပညာကို အသုံးပြုထားလို့ ဘက်ထရီ ၁၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းကို ရောက်ဖို့ အချိန် ၅ မိနစ်ပဲ လိုအပ်ပြီး ၉၇ ရာခိုင်နှုန်းအထိ အားပြည့်ဖို့ကိုတော့ ၉ မိနစ်လောက်ပဲ အချိန်ယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမြင့်ဆုံးမော်ဒယ်မှာ လျှပ်စစ်မော်တာ ၃ လုံး တပ်ဆင်ထားလို့ မြင်းကောင်ရေ ၁,၁၉၃ (890 kW) အထိ အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

BYD Denza N8 Luxury EV Claims Longest Range in America | Autoblog posted on  the topic | LinkedIn

ကားရဲ့ အရွယ်အစားကတော့ အလျား ၅.၁၅ မီတာနဲ့ ဘီးနှစ်ခုကြားအကွာအဝေး (wheelbase) ၃.၀၇၅ မီတာ  ရှိလို့ ကျယ်ဝန်းသက်သာတဲ့ ခရီးစဉ်တွေကို ဖန်တီးပေးနိုင်မှာပါ။ ဒါပေမဲ့ သတိပြုရမယ့် အချက်လေးတစ်ခုကတော့ ကီလိုမီတာ ၁,၀၀၃ ခရီးသွားနိုင်တယ်ဆိုတဲ့ အချက်ဟာ စမ်းသပ်ခန်းစံနှုန်းသာ ဖြစ်လို့ လက်တွေ့ပြင်ပမှာ မောင်းနှင်တဲ့အခါ အမြန်နှုန်း၊ ရာသီဥတု အခြေအနေ၊ လမ်းကြမ်းပြင်နဲ့ မောင်းနှင်သူရဲ့ အလေ့အထတွေအပေါ် မူတည်ပြီး ကွာခြားမှုလေးတွေတော့ ရှိနိုင်ပါတယ်။

Ref : Technology Innovation