Tecno ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကတော့ အရင်ထွက်ထားတဲ့ မော်ဒယ်ဟောင်းအပြီး ၇ လအကြာမှာ ပိုမိုက်တဲ့ Tecno Spark Go 3 Pro  ကို ပွဲထုတ်လိုက်ပြီဖြစ်ပါတယ်။ အဲဒီဖုန်းမှာ ရေနဲ့ဖုန်ဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ IP69 အဆင့် ပါဝင်လာတဲ့အပြင် ရုပ်ထွက်ပိုင်းအတွက် ၆.၇၈ လက်မအရွယ် 120Hz မျက်နှာပြင်နဲ့ တစ်နေ့တာအသုံးခံမယ့် 5,200 mAh ဘက်ထရီကို 15W အားသွင်းစနစ်နဲ့ တွဲဖက်ပေးထားပါတယ်။

TECNO SPARK Go 3 Pro launched: 120Hz HD+ LCD, IP69, and SGS certified

စိတ်ဝင်စားစရာကောင်းတာက ကုမ္ပဏီဘက်က ဖုန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ Chipset ၊ ကင်မရာအသေးစိတ်နဲ့ မျက်နှာပြင်အမျိုးအစားတွေကိုတော့ လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သေချာတဲ့အချက်ကတော့ 4GB RAM ကို အခြေခံထားပြီး 64GB ဒါမှမဟုတ် 128GB Storage တွေ ရွေးချယ်နိုင်မယ့်အပြင် ဖျော်ဖြေရေးပိုင်းအတွက် DTS အထောက်အပံ့ပါတဲ့ Dual Speaker နဲ့ အိမ်သုံးပစ္စည်းတွေ ထိန်းချုပ်နိုင်မယ့် IR blaster တို့ ပါဝင်လာမှာဖြစ်ပါတယ်။

Tecno Spark Go 3 Pro launched in India with IP69 rating, 120Hz display |  91mobiles.com

ဈေးနှုန်းပိုင်းမှာလည်း တော်တော်လေး သက်သာတာကို တွေ့ရပါတယ်။ 4/64GB မော်ဒယ်ကို အိန္ဒိယရူပီး ၁၅,၉၉၉ (ခန့်မှန်း ကန်ဒေါ်လာ ၁၆၈) နဲ့ 4/128GB မော်ဒယ်ကို အိန္ဒိယရူပီး ၁၆,၉၉၉ (ခန့်မှန်း ကန်ဒေါ်လာ ၁၇၈) အသီးသီး သတ်မှတ်ထားပါတယ်။ အဲဒီဖုန်းကို လာမယ့် စက်တင်ဘာလ ၄ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံမှာရောင်းမှာပါ။

Ref : gsmarena