ဆိုရှယ်မီဒီယာလောကမှာ ကိုယ်ပိုင်အမည်ဆိုတာ အရေးကြီးပေမယ့် နည်းပညာကုမ္ပဏီကြီးတွေရှေ့မှာတော့ ဖယ်ပေးရတတ်ပါတယ်။ မကြာသေးခင်ကမှ Meta ရဲ့ စီအီးအို Mark Zuckerberg ဟာ သူတို့ရဲ့ AI အသစ်အတွက် ဖော်လိုဝါ ၂.၇ သန်းကျော်ရှိတဲ့ နာမည်ကြီး ရော့ခ်တီးဝိုင်း Muse ရဲ့ Instagram အကောင့်နာမည်ကို ရယူလိုက်ပါတယ်။ အဲဒီ AI အသစ်ကို Muse လို့ နာမည်ပေးထားတာကြောင့် တီးဝိုင်းဘက်က နှစ်ပေါင်းချီ သုံးစွဲလာတဲ့ @muse ဆိုတဲ့ နာမည်လေးကို နှမြောစရာကောင်းစွာနဲ့ပဲ လက်လွှတ်လိုက်ရပါတယ်။

Some are worried about the absolute power that social media companies are increasingly exerting over users (Jakub Porzycki/NurPhoto via Getty Images)

အခုဆိုရင်တော့ Instagram မှာ အဲဒီရော့ခ်တီးဝိုင်းကို ရှာချင်တဲ့ ပရိသတ်တွေအနေနဲ့ @muse အစား @museband ဆိုတဲ့ အကောင့်အသစ်ကို ပြောင်းလဲရှာဖွေရတော့မှာပါ။ မူလ @muse အကောင့်ကတော့ လက်ရှိမှာ ဖော်လိုဝါ ၁ သိန်း ၂ သောင်းကျော်သာ ရှိသေးတဲ့ Meta ရဲ့ AI အကောင့်အဖြစ် ပြောင်းလဲသွားပါပြီ။ တီးဝိုင်းရဲ့ ဖော်လိုဝါအရေအတွက်က AI ထက် အဆပေါင်းများစွာ ပိုများနေတဲ့အတွက် ပရိသတ်တွေ ရှာရမခက်ပေမယ့်လည်း ဒီလို လွှဲပြောင်းယူလိုက်တဲ့ လုပ်ရပ်အပေါ် အွန်လိုင်းပေါ်က လူတွေကတော့ တော်တော်လေး ဒေါသထွက်နေကြပါတယ်။

What is Muse? Mark Zuckerberg's new AI agent that could end up knowing your  life better than you do - The Statesman

ဒီဖြစ်ရပ်က နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဒစ်ဂျစ်တယ်နယ်ပယ်မှာ ကြီးစိုးထားနိုင်မှုကို မီးမောင်းထိုးပြလိုက်တာပါပဲ။ ဖန်တီးရှင်တွေအနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အမည်တွေနဲ့ အကောင့်နာမည်တွေကိုတောင် အမှန်တကယ် ပိုင်ဆိုင်ခွင့်မရှိဘူးဆိုတာကို လူတွေ သတိထားမိလာကြပါတယ်။ ဒီလို အကောင့်နာမည် လွှဲပြောင်းရယူမှုအတွက် Meta ဘက်က တီးဝိုင်းကို ငွေကြေးပေးလျော်မှု ရှိမရှိ ဆိုတာကိုတော့ နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

Ref : uniladtech