Apple ရဲ့ ပထမဆုံး ခေါက်ချိုးဖုန်းဖြစ်တဲ့ iPhone Duo ထွက်ပေါ်လာပေမယ့် တခြားခေါက်ချိုးဖုန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ အားနည်းချက်တွေကို အပြည့်အဝ မဖြေရှင်းနိုင်သေးပါဘူး။ အဓိက အားနည်းချက်တွေနဲ့ အားသာချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။

The iPhone Duo does not solve foldables' biggest problems

အားနည်းချက်တွေ

 

🔶 ဈေးနှုန်း – ဒေါ်လာ ၂၀၀၀ ဝန်းကျင်ရှိပြီး သာမန်ဖုန်းတွေထက် ၂ ဆနီးပါး ပိုများနေပါတယ်။

🔶 အသုံးပြုမှု – ဖုန်းနဲ့ တက်ဘလက် ပေါင်းထားသလိုဖြစ်ပေမယ့် လက်တွေ့မှာ သာမန်ဖုန်းလောက် သုံးရမလွယ်ကူသလို တက်ဘလက်လောက်လည်း မျက်နှာပြင် မကျယ်ပါဘူး။

🔶 ကင်မရာ – iPhone 18 Pro လောက် ကင်မရာအရည်အသွေး မကောင်းသလို Telephoto လည်း မပါဝင်ပါဘူး။

🔶 ဘက်ထရီနဲ့ အပူချိန် – ဘက်ထရီပိုသေးငယ်ပြီး အားဝင်နှေးတဲ့အပြင် ကိုယ်ထည်ပါးလွှာတဲ့အတွက် အပူပိုထွက်လွယ်ပါတယ်။

🔶 ခံနိုင်ရည် – IP68 ပါပေမယ့် ပတ္တာနဲ့ အလွယ်တကူ ပျက်စီးနိုင်တဲ့ မှန်သားကြောင့် သာမန်ဖုန်းတွေလောက် ခံနိုင်ရည်မရှိပါဘူး။

🔶 လက်ဗွေဖတ်စနစ် – ဘေးဘက်မှာ Touch ID တပ်ဆင်ထားတာကြောင့် Face ID လောက် သုံးရအဆင်မပြေပါဘူး။

🔶 ခေါက်ရာ – မျက်နှာပြင်မှာ အလင်းမပြန်အောင် ဖန်တီးထားပေမယ့် ခေါက်ရာ အနည်းငယ် ကျန်နေဆဲဖြစ်ပါတယ်။

The iPhone Duo does not solve foldables' biggest problems

အားသာချက်တွေ

 

🔶 App အထောက်အပံ့ – Android တွေထက်စာရင် App တွေကို မျက်နှာပြင်အကျယ်မှာ ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။

🔶 မျက်နှာပြင်ကူးပြောင်းမှု – ဂိမ်းတွေနဲ့ App တွေကို အပြင်မျက်နှာပြင်ကနေ အတွင်းမျက်နှာပြင်ကို ပြောင်းလဲအသုံးပြုရာမှာ ချောမွေ့မှုရှိပါတယ်။

🔶 တစ်ဝက်ခေါက်အသုံးပြုမှု – တစ်ဝက်ခေါက်ထားချိန်မှာ App တွေကို အပေါ်အောက် ခွဲခြားပြီး အဆင်ပြေပြေ သုံးနိုင်ပါတယ်။

🔶 စပီကာ – စပီကာတွေကို ထောင့်ဖြတ်တပ်ဆင်ထားပြီး အသံထွက်ကောင်းမွန်အောင် ဖန်တီးထားပါတယ်။

Ref : gsmarena