ရင်ဘတ်ကြီးကိုခွဲပြီး နှလုံးခွဲစိတ်ရမယ့်ခေတ် ကုန်သွားပြီလားလို့ မေးစရာဖြစ်လာပါတယ်။ တရုတ်နိုင်ငံက 301 ဆေးရုံကြီးမှာ မွေးရာပါ နှလုံးရောဂါခံစားနေရတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို AI နည်းပညာသုံး အာထရာဆောင်း စက်ရုပ်နဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။ ဆရာဝန်တွေဟာ ရင်ဘတ်ဖွင့်စရာမလိုဘဲ သွေးကြောထဲကနေ ပြွန်ငယ်လေးထည့်ပြီး နှလုံးမှာဖြစ်နေတဲ့ အပေါက်ကို သေးငယ်တဲ့ပစ္စည်းလေးနဲ့ ပိတ်ပေးခဲ့တာ ဖြစ်ပါတယ်။

In a world first, a Chinese medical team performed an #AI-powered,  ultrasound #robot-guided transcatheter closure procedure for congenital  heart disease on a 48-year-old man on Saturday. During the p

အဲဒီခွဲစိတ်မှုမှာ အဓိကဇာတ်လိုက်ကတော့ AI အာထရာဆောင်း စက်ရုပ်ပဲ ဖြစ်ပါတယ်။ အဲဒီစက်ရုပ်ဟာ အာထရာဆောင်း ပုံရိပ်တွေကို ဖမ်းယူပြီး နှလုံးရဲ့ ချို့ယွင်းနေတဲ့နေရာကို တိတိကျကျ ရှာဖွေပေးနိုင်ရုံသာမကဘဲ ခွဲစိတ်မှုလုပ်ငန်းစဉ် တစ်လျှောက်လုံးမှာ အချိန်နဲ့တပြေးညီ လမ်းညွှန်မှုတွေပါ ပေးနိုင်ပါတယ်။ ရိုးရိုးခွဲစိတ်စက်ရုပ်တွေနဲ့ ကွာခြားချက်ကတော့ ပုံရိပ်ဖော်နည်းပညာနဲ့ ခွဲစိတ်ကိရိယာ ထိန်းချုပ်မှုတွေကို တစ်ပြိုင်နက်တည်း အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာထရာဆောင်းကို သုံးတဲ့အတွက် ဓာတ်မှန်ရိုက်ဖို့ သိပ်မလိုတော့ဘဲ လူနာတွေ ဓာတ်ရောင်ခြည်ထိတွေ့မှု အန္တရာယ်ကိုပါ သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

In a world first, a Chinese medical team performed an #AI-powered,  ultrasound #robot-guided transcatheter closure procedure for congenital  heart disease on a 48-year-old man on Saturday. During the p

အဲဒီနည်းပညာသစ်ဟာ အနာဂတ်ဆေးပညာလောကအတွက် ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာပါတယ်။ အရေးပေါ် ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်တာတွေ၊ အဝေးရောက် ဆေးကုသမှုတွေနဲ့ အထူးကုဆရာဝန် ရှားပါးတဲ့ နယ်စွန်နယ်ဖျား ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့နေရာတွေအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်မယ်လို့ ဆေးရုံက မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အဲဒီကုသမှုဟာ ကနဦး စမ်းသပ်အောင်မြင်မှုတစ်ခုသာ ဖြစ်လို့ လက်ရှိအသုံးပြုနေတဲ့ နည်းလမ်းတွေထက် ဘယ်လောက် ပိုမိုလုံခြုံစိတ်ချရပြီး ထိရောက်မှုရှိသလဲဆိုတာကို အတည်ပြုနိုင်ဖို့ နောက်ထပ် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့တော့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

Ref : Technology Innovation