တရုတ်စက်ရုပ်ထုတ်လုပ်ရေး နည်းပညာကုမ္ပဏီ UBTECH ဟာ လူတူစက်ရုပ်အမျိုးအစား UWorld U1 စက်ရုပ်တွေကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်ကစပြီး သုံးစွဲသူတွေထံ စတင်ဖြန့်ဖြူးပေးနေပြီဖြစ်ပါတယ်။ အဲဒီ စက်ရုပ်တွေကို U1 Lite၊ U1 Pro နဲ့ U1 Ultra ဆိုပြီး ဗားရှင်းသုံးမျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်း ယွမ် ၁၁၉,၈၀၀ (အမေရိကန်ဒေါ်လာ ၁၇,၆၀၀ ဝန်းကျင်) ကနေ အမြင့်ဆုံး ယွမ် ၉၉၀,၀ဝ၀ (အမေရိကန်ဒေါ်လာ ၁၄၅,၀၀၀ ဝန်းကျင်) အထိ ကျသင့်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်အထိ စက်ရုပ်မှာယူမှုပေါင်း ၁၃,၃၆၁ ကျော် ရရှိထားကြောင်းလည်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။

Robot that will 'never betray you' is world's first mass-produced humanoid

U1 စက်ရုပ်စီးရီးဟာ အဓိကအားဖြင့် လူတွေနဲ့အတူနေထိုင်ကာ ရင်းနှီးစွာ အဖော်ပြုကူညီပေးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ စကားပြောဆိုဆက်ဆံနိုင်ခြင်း၊ စိတ်ခံစားချက်တွေကို မှတ်မိသိရှိနိုင်ခြင်းတို့အပြင် မူရာနွဲ့နှောင်းတဲ့ သဘာဝကျကျ လှုပ်ရှားမှုတွေ၊ မျက်နှာမူရာတွေနဲ့အတူ လူတွေနဲ့ ပြန်လည်ထိတွေ့ဆက်ဆံနိုင်ဖို့ ဖန်တီးထားပါတယ်။ လူပုံစံအတိုင်း လှုပ်ရှားမှုတွေကို ပိုမိုသဘာဝကျစွာ တုံ့ပြန်နိုင်ရေးအတွက် ခန္ဓာကိုယ်အစိတ်အပိုင်း လှုပ်ရှားနိုင်စွမ်း (degrees of freedom) ၈၈ နေရာအထိ ထည့်သွင်းတည်ဆောက်ထားပါတယ်။

Chinese firm sells hyper-real, 'always loyal' humanoid robots

လက်ရှိမှာ U1 စက်ရုပ်ဟာ အိမ်တွင်းလုပ်ငန်းဆောင်တာတွေကို စေခိုင်းစရာမလိုဘဲ လုံးဝကိုယ်ပိုင်လုပ်ဆောင်နိုင်တဲ့ အိမ်အကူစက်ရုပ်အဆင့်သို့ မရောက်သေးပါဘူး။ သို့သော်လည်း လူတွေနဲ့ စကားပြောဆိုဆက်ဆံပြီး စိတ်ဓာတ်ခွန်အားနဲ့ မိတ်ဆွေစစ်သဖွယ် အဖော်ပြုပေးနိုင်ရေးကို အဓိကဦးတည်ချက်ထား ဖန်တီးထားတာဖြစ်ပါတယ်။

Ref : Technology Innovation