တရုတ်နိုင်ငံ မြောက်ပိုင်းစက်မှုတက္ကသိုလ် (Northwestern Polytechnical University) နဲ့ Xi’an Tianhe Maritime Technologies တို့ဟာ TH-618 အမျိုးအစား အလိုအလျောက် ထိန်းချုပ် ရေအောက်စက်ရုပ် ၁၁၆ ကောင်ကို တစ်ပြိုင်နက်တည်း မောင်းနှင်ပြသပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် သြဂုတ် ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာ အဆိုပါ စက်ရုပ်တွေဟာ လူသားတွေရဲ့ တိုက်ရိုက်ထိန်းချုပ်မှု မပါဘဲ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း မီတာ ၅၀၀ ကျော်ကို ၃၄ မိနစ်ကြာ တန်းစီပြီး အစီအစဉ်တကျ ရေအောက်မှာ သွားလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

Chinese team sets world record with swarm of 116 underwater drones | South  China Morning Post

ဒီစမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ စက်ရုပ်တစ်ကောင်စီဟာ အလျား ၆၁.၅ စင်တီမီတာ၊ အနံ ၂၀ စင်တီမီတာ၊ အမြင့် ၂၈ စင်တီမီတာ ရှိပြီး အလေးချိန် ၅.၁၄ ကီလိုဂရမ်သာ လေးပါတယ်။ သေးငယ်တဲ့ ခန္ဓာကိုယ်ပုံစံ ရှိပေမဲ့ ကီလိုမီတာ ၃၀ အထိ ခရီးနှင်နိုင်ပြီး ၈ နာရီထက်မက ဆက်တိုက် အလုပ်လုပ်နိုင်စွမ်း ရှိပါတယ်။ လမ်းကြောင်း မှန်ကန်စွာ ရှာဖွေနိုင်ဖို့နဲ့ ရေအောက်မှာ တန်းစီ မပျက် သွားလာနိုင်ဖို့အတွက် Real-time Visual Sensing နည်းပညာကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။

Chinese team sets world record with swarm of 116 underwater drones | South  China Morning Post

အဆိုပါ စမ်းသပ်မှုကို ပင်လယ်ပြင်ကျယ်မှာ မဟုတ်ဘဲ ၅၀ မီတာ x ၂၀ မီတာ ကျယ်ဝန်းတဲ့ ထိန်းချုပ် ရေကူးကန်အတွင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ နည်းပညာကို နောင်မှာ ရေအောက် လေ့လာစူးစမ်းရေးလုပ်ငန်းတွေနဲ့ အခြား ရေအောက်လုပ်ငန်းဆောင်တာတွေမှာ အသုံးချသွားနိုင်မယ်လို့ တက္ကသိုလ်ဘက်က မျှော်လင့်ထားပါတယ်။

Ref : Technology Innovation