ခိုင်းစေထားတဲ့ လုပ်ငန်းစဉ်တွေကို လူကိုယ်တိုင် မရှိချိန်မှာပါ မနားတမ်း ဆက်လက် ဆောင်ရွက်ပေးနိုင်တဲ့ “Dots” ဆိုတဲ့ AI အေးဂျင့်စနစ်ကို OpenAI က စက်တင်ဘာ ၂၉ ရက်မှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ GPT-6 Astra နဲ့ မောင်းနှင်ထားတဲ့ ဒီ AI အေးဂျင့်တွေမှာ ကိုယ်ပိုင် Cloud ကွန်ပျူတာနဲ့ Web Browser တွေ ပါဝင်တာကြောင့် သုံးစွဲသူ ပေးအပ်ထားတဲ့ ရည်မှန်းချခက်ပန်းတိုင်တွေဆီ ရောက်အောင် ၂၄ နာရီပတ်လုံး ဆက်တိုက် အလုပ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

OpenAI Introduces Dots: Always-On AI Agents Designed to Work Before You  Even Ask

ဒီ AI အေးဂျင့်တွေဟာ Application ပေါင်း ၄,၀၀၀ ကျော်နဲ့ ချိတ်ဆက်နိုင်စွမ်း ရှိပြီး ChatGPT, Slack နဲ့ Microsoft Teams တို့လို စနစ်တွေကနေတစ်ဆင့် သုတေသနပြုလုပ်တာ၊ Software ရေးသားတာ၊ ဒေတာ စိစစ်သုံးသပ်တာနဲ့ အကြောင်းအရာ သတင်းအချက်အလက်တွေ ဖန်တီးတာ စတဲ့ အလုပ်တွေကို ကျွမ်းကျင်စွာ ဆောင်ရွက်ပေးနိုင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ စည်းမျဉ်းတွေ ကြိုတင် သတ်မှတ်ပေးနိုင်သလို အချို့သော အရေးကြီး လုပ်ဆောင်ချက်တွေအတွက် လူကိုယ်တိုင် ခွင့်ပြုချက် လိုအပ်အောင် ဖန်တီးထားနိုင်ပေမဲ့ သုံးစွဲသူ မရှိချိန် ခိုင်းစေသည့် လုပ်ဆောင်ချက်များကိုတော့ လက်ရှိမှာ အချက်အလက် ဖတ်ရှုရယူရုံ (Read-only) အဆင့်မှာပဲ ကန့်သတ်ထားပါတယ်။

OpenAI launches Dots, always-on AI workers with their own cloud computers -  Notebookcheck News

Dots ဟာ ရုပ်ပိုင်းဆိုင်ရာ စက်ရုပ် မဟုတ်ဘဲ လုပ်ငန်းဆောင်တာတွေကို ထိရောက်စွာ ကူညီပေးမယ့် နည်းပညာဆိုင်ရာ AI အေးဂျင့် ဖြစ်ပြီး လက်ရှိမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ChatGPT Pro, Business Premium သုံးစွဲသူတွေအပြင် Enterprise Beta စနစ် သုံးစွဲသူတွေပါ စတင် အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။

Ref : Technology Innovation