ကုလသမဂ္ဂရဲ့ စစ်တမ်းအရ AI ဟာ ၂၀၃၃ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ အလုပ်အကိုင်ပေါင်း ၄၀ ရာခိုင်နှုန်းကို ထိခိုက်မယ်လို့ သိရပါတယ်။ AI နည်းပညာဟာ အလွန်လျှင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာနေပြီး မကြာခင်မှာ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၄.၈ ထရီလီယမ် ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီ ပမာဏဟာ ဂျာမနီရဲ့ စီးပွားရေးနဲ့ ညီမျှပါတယ်။

Navigating the Impact of AI Replacing Humans in Workplaces - New Horizons -  Blog | New Horizons

UNCTAD က ထုတ်ပြန်တဲ့ စစ်တမ်းမှာ AI ဟာ ကြီးမားတဲ့ အခွင့်အလမ်းများစွာကို ယူဆောင်လာမှာ ဖြစ်ပြီး အထူးသဖြင့် အသိပညာနဲ့ နည်းပညာ နယ်ပယ်တွေမှာ ဖြစ်ပါတယ်။ AI ဟာ အလုပ်စွမ်းအားနဲ့ စီးပွားရေးကို တိုးတက်စေမှာ ဖြစ်ပါတယ်။

The Impact of Artificial Intelligence on Human Jobs in the Near Future -  Epicflow

ဒါပေမယ့် AI ကြောင့် နိုင်ငံတွေဟာ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အဦးတွေကို ကြီးမားစွာ ရင်းနှီးမြှပ်နှံရမှာ ဖြစ်ပြီး အနာဂတ်အတွက် သူတို့ရဲ့ အလုပ်သမားတွေကို လေ့ကျင့်သင်ကြားပေးထားရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ က AI ရဲ့ အကျိုးကျေးဇူးတွေကို နိုင်ငံအနည်းငယ်သာ မဟုတ်ဘဲ လူတိုင်း ခံစားရရှိစေဖို့ တောင်းဆိုထားပါတယ်။

Ref : Tech Explorers