အမေဇုန် က Atlas V ဒုံးပျံကို အသုံးပြုကာ ဧပြီလ ၉ ရက်နေ့မှာ Project Kuiper အင်တာနက် ကွန်ရက် စီမံကိန်း အတွက် ဂြိုလ်တု ၂၇ လုံးကို အာကာသသို့ လွှတ်တင်မှာ ဖြစ်ပါတယ်။ ဂြိုလ်တု အင်တာနက် ဈေးကွက်မှာ SpaceX ရဲ့ Starlink ကို ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။
အမေဇုန် က အင်တာနက် ဂြိုလ်တု ၃,၂၀၀ ကို စီမံကိန်း ၈၀ နဲ့ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ အင်တာနက် ဂြိုလ်တုတွေ လွှတ်တင်ပြီးရင် ဒီနှစ်ကုန်မှာ တစ်ကမ္ဘာလုံးမှာ Latency နည်းပါးပြီး လျှင်မြန်တဲ့ အင်တာနက်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အမေဇုန် က ဂြိုလ်တု အင်တာနက် ဖမ်းယူနိုင်တဲ့ အန်တင်နာ ကို ဒေါ်လာ ၄၀၀ အောက်နဲ့ ရောင်းချပေးမှာ ဖြစ်ပြီး အမြန်နှုန်းက 1 Gbps ရရှိစေမှာ ဖြစ်ပါတယ်။ နေအိမ်သုံး၊ လုပ်ငန်းသုံးဖို့အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Amazon ရဲ့ Kuiper စီမံကိန်းဟာ LEO ဂြိုလ်တုအစုအဝေးကို အသုံးပြုပြီး ကမ္ဘာလုံးဆိုင်ရာ Broadband အင်တာနက်ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားပါတယ်။ အဲဒီ စီမံကိန်းကနေ Starlink ရဲ့ ဖောက်သည်တွေကို လုယူဖို့ ကြိုးစားနေပါတယ်။
Ref : Tech Explorers