တရုတ်နိုင်ငံမှာ အသက် ၈၀ အရွယ် မိခင်ကြီးတစ်ဦးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သားဖြစ်သူနဲ့ ဗီဒီယိုကောလ်တွေ ပြောနေရတယ်လို့ ထင်မှတ်နေပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလူဟာ မိသားစုဝင်တွေက စီစဉ်ထားတဲ့ AI အတုဖြစ်နေပါတယ်။ သူ့ရဲ့သားဟာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပေမဲ့ မိခင်ကြီးက နှလုံးရောဂါအခံရှိတာကြောင့် စိတ်ထိခိုက်မှာစိုးလို့ ဆွေမျိုးတွေက သတင်းကို ဖုံးကွယ်ထားခဲ့ကြတာပါ။ သားဖြစ်သူရဲ့ အချက်အလက်တွေကို သုံးပြီး ဖန်တီးထားတဲ့ AI က အသံနဲ့ ရုပ်ရည်ကိုပါ ပုံတူကူးထားပြီး အဝေးတစ်နေရာကို ပြောင်းသွားလို့ လူကိုယ်တိုင် လာမတွေ့နိုင်ဘူးလို့ အကြောင်းပြကာ သားဖြစ်သူ ရှိနေဆဲပဲဆိုတဲ့ အထင်အမြင်မျိုးနဲ့ လိမ်ညာထားတာ ဖြစ်ပါတယ်။

China family creates AI clone to comfort elderly mum after only son dies in  car accident | South China Morning Post

“အမေ မင်းကို အရမ်းလွမ်းနေတာ၊ ဖုန်းလေး ခဏခဏ ပိုဆက်ပါဦး” လို့ မိခင်ကြီးက အမှန်တရားကို မသိဘဲ AI ကို ပြောနေတဲ့ မြင်ကွင်းက တကယ်ကို စိတ်မကောင်းစရာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ကြီးရွယ်အို စောင့်ရှောက်မှုမှာ အခုလို လိမ်ညာမှုတွေ ပြုလုပ်တာဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ငြင်းခုံစရာတွေ ဖြစ်လာပါတယ်။ ဝေဖန်သူတွေကတော့ အခုလို AI ကို အသုံးပြုပြီး လိမ်ညာထားတာဟာ ရေရှည်မှာ အမှန်တရားကို သိလိုက်ရတာထက် ပိုပြီး ဆိုးဝါးတဲ့ စိတ်ဒဏ်ရာတွေ ရသွားနိုင်တယ်လို့ သတိပေးနေကြပါတယ်။

China family creates AI clone to comfort elderly mum after only son dies in  car accident | South China Morning Post

အခုလို နည်းပညာကိုသုံးပြီး ချစ်ရသူတွေနေရာမှာ အစားထိုးတာဟာ ကောင်းမွန်တဲ့ စေတနာလား ဒါမှမဟုတ် ရက်စက်တဲ့ လိမ်ညာမှုလားဆိုတာကတော့ ဝေဖန်စရာ ဖြစ်နေပါတယ်။

Ref : Fossbytes