iPhone 16e ဟာ အရင်မျိုးဆက် iPhone SE ထက် ဈေးပိုများနေပါတယ်။ ဒါပေမယ့် Bloomberg ရဲ့ သတင်းအရ iPhone 16e ဟာ အရင်မျိုးဆက်ထက် ၆၀ ရာခိုင်နှုန်း ရောင်းအားပိုကောင်းနေပါတယ်။

Who Is the iPhone 16E For? - CNET

iPhone 16e မှာ Apple Intelligence ပါလာပြီး ခေတ်မီ ဒီဇိုင်းနဲ့ Display ကို သုံးထားပါတယ်။ ဒါပေမယ့် အနောက်ကင်မရာ ၁ လုံးထဲပဲ ဆက်သုံးထားပါတယ်။ ဈေးနှုန်းက ၂၀၂၂ ခုနှစ်ထုတ် iPhone SE ထက် ဒေါ်လာ ၁၇၀ ပိုများပါတယ်။ ဒါဟာ တော်တော်များတဲ့ ပမာဏ ဖြစ်ပါတယ်။

ဒါပေမယ့် User တွေက ဂရုစိုက်ပုံ မပေါ်ပါဘူး။ ဒါဟာ အကြောင်းအရင်း တချို့ကြောင့် ဖြစ်နိုင်ပါတယ်။ iPhone SE ကို ရပ်နားလိုက်ပြီးနောက်မှာ iPhone 16e ဟာ ဈေးအချိုဆုံး iPhone ဖြစ်လာပါတယ်။

Apple iPhone 16e (2025): Specs, Price, Release Date | WIRED

ဒုတိယ အကြောင်းအရင်းက iPhone SE လို iPhone အဟောင်း ကနေ ဖုန်း အသစ်လဲချင်သူတွေဟာ iPhone 16e ရဲ့ ဈေးနှုန်း မြင့်မားတာကို ပြဿနာ အဖြစ် မယူဆကြပါဘူး။

ဘာပဲပြောပြော iPhone 16e ဟာ ရောင်းအားကောင်းနေပါတယ်။ ဒါပေမယ့်လည်း တရုတ်မှာ ရောင်းအားကျနေတဲ့ Apple ကို ကယ်တင်ဖို့ မလုံလောက်ပါဘူး။

Ref: gsmarena