Wearable Gadget တွေဖြစ်တဲ့ Smartwatch တွေ၊ Fitness Tracker တွေက အခုဆိုရင် ပြန်ပြီးခေတ်စားလာပြီလို့ဆိုရမှာပါ။ လက်ရှိအချိန်မှာ Canalys အမည်ရှိတဲ့ လေ့လာဆန်းစစ်သူက ဘယ်သူက Wearable ဈေးကွက်ကို လွှမ်းမိုးထားလဲဆိုတာကို စစ်တမ်းကောက်ယူခဲ့ရာ ရလဒ်တွေက မထင်ထားမိစရာဖြစ်နေတာကို တွေ့ရပါတယ်။

Apple ကတော့ ထုံးစံအတိုင်း ထိပ်ဆုံးကနေ ဈေးကွက်ရဲ့ ၂၃ ရာခိုင်နှုန်းကို ရယူထားတာကိုတွေ့ရှိရပြီး ထူးဆန်းတာတစ်ခုက ဒုတိယနေရာကို Xiaomi ကနေ ရယူထားတာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့ ထူးဆန်းတာလဲလို့ပြောရတာလဲဆိုရင် Xiaomi ကုမ္ပဏီက Xiaomi နာမည်နဲ့ ဒီနှစ်မှာ Wearable အသစ်ထွက်ရှိထားတာမရှိပဲ မနှစ်က ထွက်ရှိခဲ့တဲ့ Mi Band 2 Fitness Tracker ပဲ ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Xiaomi ရဲ့ ဈေးကွက် ၂၁ ရာခိုင်နှုန်းကို ရယူထားနိုင်တာက တော်တော်လေးကို ကြီးမားတဲ့အောင်မြင်မှုလို့ ပြောရမှာပါ။

တတိယနေရာမှာတော့ Wearable တွေဖြစ်တဲ့ Smartwatch တွေ၊ Fitness Tracker တွေကို အဓိကထုတ်လုပ်နေတဲ့ fitbit ရှိနေပြီးတော့ သူ့အောက်မှာတော့ Huawei နဲ့ Samsung တို့ရှိနေတာဖြစ်ပါတယ်။

Apple အနေနဲ့ ဒီနှစ်မှာ Apple Watch Series 3 ကိုလည်း အသစ်ထုတ်ထားခဲ့တော့ အခုလိုမျိုး ဈေးကွက်ကို ဦးဆောင်နိုင်နေတာ အဆန်းမဟုတ်ပေမယ့် Xiaomi က အခုလို ဒုတိယနေရာကို ရယူနိုင်တာကတော့ ချီးကျူးရမှာပါ။