Apple CEO Tim Cook က Apple Device သုံးစွဲသူ ၂.၃၅ ဘီလီယမ် ရှိလာပြီလို့ ကြေညာလိုက်ပါတယ်။ သူက ကုမ္ပဏီရဲ့ ဝင်ငွေ စာရင်းကို ကြေညာတဲ့ အခမ်းအနားးမှာ ကုမ္ပဏီရဲ့ အကောင်းဆုံး ကွာတား ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သူက Apple Chips မောင်းနှင်တဲ့ Apple Intelligence ဟာ အခုလို အထင်ကြီးစရာကောင်းတဲ့ ရလဒ်အတွက် မောင်းနှင်တဲ့ အင်အား ဖြစ်တယ်လို့ ပြောပါတယ်။
စစ်တမ်းအရ iPhone ရောင်းအားဟာ အရင်နှစ်ကထက် ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Apple Intelligence ဟာ iPhone ရောင်းအား တိုးတက်စေတာ မဟုတ်ဘူးလို့သုံးသပ်လို့ ရပါတယ်။ ဒါပေမယ့် Tim Cook ကတော့ Apple Intelligence ကို အမွှမ်းတင်ပြောဆိုထားပါတယ်။
သုံးစွဲသူ ၂.၃၅ ဘီလီယမ် ရလာတာဟာ Apple သမိုင်းမှာ အများဆုံး ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်က သုံးစွဲသူ ၂.၂ ဘီလီယမ်ထက် သန်း ၁၅၀ ပိုများလာတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်က သုံးစွဲသူထက် သန်း ၄၀၀ ပိုများလာတာ ဖြစ်ပါတယ်။
Ref : gsmarena