Apple ကနေ iPhone တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုဖို့အတွက် Apple Watch တွေကို ထုတ်လုပ်လာတာ အခုဆိုရင် Series 3 အထိရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် အသုံးပြုသူတွေရဲ့ ပြောကြားချက်အရ ပြဿနာတစ်ခုရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒါကတော့ Apple Watch တွေကို ဆေးရုံအရေးပေါ်ခန်းထဲကို ယူဆောင်သွားရင် အမြဲတမ်း မိနစ် ၆၀ (သို့) မိနစ် ၉၀ နေတာနဲ့ Reboot အလိုအလျောက်ကျနေတာဖြစ်ပါတယ်။ နောက်ပြီး အခုပြဿနာက Apple Watch Series 3 Wi-Fi ရော Cellular Version မှာပါ ဖြစ်ပွားနေတာဖြစ်ပါတယ်။

အခုပြဿနာဟာ Apple Forum မှာ သီးသန့် Thread တစ်ခုအနေနဲ့ပါ ရှိနေတာဖြစ်ပြီး လွန်ခဲ့တဲ့ အောက်တိုဘာလထဲက စတင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

Apple ကတော့ အခုလိုမျိုး ဆေးရုံသုံးပစ္စည်းတွေနဲ့ Electronic Waves တွေကြောင့် ပြဿနာတွေဖြစ်ပွားနိုင်ပြီးတော့ အကောင်းဆုံးကတော့ ဆေးရုံတွင်းမှာဆိုရင် Apple Watch ကို Airplane Mode နဲ့ပဲ အသုံးပြုဖို့ အကြံပြုထားခဲ့ပါတယ်။