2015 ကစတင်မိတ်ဆက်ခဲ့တဲ့ Apple Watch လေးတွေကို ဝယ်ယူသူအများအပြားရှိခဲပါတယ်။ Apple ရဲ့ပထမဦးဆုံး နာရီဖြစ်တာကြောင့် စိတ်ဝင်စားမှုအများအပြားရခဲ့သလို အောင်မြင်ခဲ့ပါတယ်။

Apple အနေနဲ့တော့ သူတို့ထုတ်ကုန်တွေကိုရောင်းချတဲ့နေရာမှာ အခြားကုမ္ပဏီတွေထက် ပိုအသေးစိတ်တာ အားလုံးသိကြမှာပါ။ Apple Store တွေအားလုံးနီးပါးက လာဝယ်တဲ့ Customer တွေကို တူညီတဲ့အတွေ့အကြုံမျိုးပေးနိုင်အောင်စီစဉ်ထားလေ့ရှိပါတယ်။

Store တွေမှာ အသုံးပြုထားတဲ့ မီးအလင်းရောင်ကအစ စားပွဲအပြင်အဆင်၊ ကြမ်းခင်း၊ မျက်နှာကျတ်တွေအထိ တူညီတဲ့အရောင်နဲ့ တူညီတဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုလေ့ရှိပါတယ်။ Apple Watch အတွက်လည်း အခြားနာရီရောင်းချတဲ့ ကုမ္ပဏီတွေနဲ့မခြား အတွေ့အကြုံမျိုးကိုပေးနိုင်စေဖို့အတွက် Watch Store တွေသီးသန့်ဖွင့်ပေးခဲ့ပါတယ်။

Watch တွေကို နောက်ပိုင်းမှာတော့ Store အားလုံးနီးပါးမှာ ဝယ်ယူလို့ရလာတာကြောင့် Watch Store သီးသန့်တွေကို Apple ကပိတ်သိမ်းလာပါတယ်။ အခုတော့ နောက်ဆုံး Watch Store ဖြစ်တဲ့ ဂျပန်နိုင်ငံ ရှင်းဂျူးခု က Apple Watch Store ကို လာမယ့် မေလ ၁၃ ရက်နေ့ကစပြီးပိတ်သိမ်းတော့မှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။

အခုလိုကြေငြာမှုလုပ်ပြီးတော့ Watch လက်ကျန်တွေကို လျှော့ဈေးနဲ့ရောင်းချနေပါတယ်။ အရင်က Apple Watch Edition တစ်လုံးကို $1000 လောက်တန်တဲ့ဟာကို အခု $700 လောက်နဲ့လျှော့ရောင်းနေပါတယ်။ 18-Karat Gold နဲ့လုပ်ထားတဲ့ Apple Watch တွေကိုလည်း အရင်က $17000 လောက်နဲ့ရောင်းခဲ့ပေမယ့် အခုတော့ $10000 လောက်နဲ့လျှော့ရောင်းနေပါတယ်။ Store ပိတ်တော့မှာဖြစ်တာကြောင့် လက်ကျန်ရှင်းတဲ့အနေနဲ့ရောင်းတာဖြစ်ပါတယ်။