Apple ကနေ အခုအချိန်မှာ Apple Watch Series 2 အတွက် Service Policy အသစ်တစ်ခုကိုထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။ အဲ့ဒါတော့ Apple ဟာ အခုအချိန်မှာ အဆိုပါ Apple Watch တွေအတွက် Battery ပိုင်း ချို့ယွင်းမှုရှိလာခဲ့ရင် အခမဲ့ပြုပြင်ပေးသွားတော့မှာပဲဖြစ်ပါတယ်။

Source : Apple

အဆိုပါ Service Policy အသစ်ဟာ Apple Watch Series 2 မှာမှ 42mm Series တွေပဲရရှိမှာဖြစ်ပြီး အဆိုပါ Series Apple Watch တွေက Battery က အသုံးပြုနေရင် ဖောင်းလာပြီး Power ဖွင့်လို့မရတော့တဲ့ ပြဿနာရှိနေတာပဲဖြစ်ပါတယ်။ Apple ဟာ အခုလို Battery အပြင် Battery ဖောင်းလာပြီး Display က အပေါ်ကို ကွာလာတာတွေကိုလည်း ပြန်လည် ပြင်ဆင်ပေးမယ်လို့ သိရပါတယ်။

Source : Apple

Apple က အခုလိုမျိုး အခမဲ့ပြန်လည်ပြင်ဆင်ပေးမယ်ဆိုတာက အချို့သော Series 2 Apple Watch တွေက ချို့ယွင်းချက် အချို့ရှိနေတာကြောင့်ဖြစ်ပေမယ့် Service Warranty က ၃ နှစ်အထိ ရှိတဲ့အတွက် ၃ နှစ်အတွက် Battery ကြောင့် Error ဖြစ်တာနဲ့ အခမဲ့ပြန်လည်ပြုပြင်ပေးရတော့မှာပါ။

Apple ရဲ့ ပထမဆုံး Apple Watch တွေကလည်း အလားတူ Battery ပိုင်း ပြဿနာရှိဖူးခဲ့ပြီးတော့ အခုလိုမျိုး အခမဲ့ပြုပြင်ဖို့အတွက် Service ကို ပြန်ပို့မယ်ဆိုရင် Apple ရဲ့ ကျွမ်းကျင်ဝန်ထမ်းတစ်ဦးရဲ့ စစ်ဆေးမှုကို အရင်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။

Source : Apple

ဘာပဲဖြစ်ဖြစ် Apple Watch Series 2 ကို ဝယ်ထားတဲ့သူတွေအနေနဲ့ကတော့ Battery ပိုင်း တစ်ခုခုဖြစ်မှာကို စိတ်ပူစရာမလိုတော့ပါဘူး။