Apple ဟာ မကြာခင်မှာ သူ့ရဲ့ပထမဆုံး Foldable Device ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Apple ဟာ Foldable iPhone / iPad ကို နောက်နှစ်မှာ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

Apple Will Finally Unveil Its First Foldable Device In 2026, But Whether It  Is An iPhone, iPad, Or Anything Else Remains A Mystery

Samsung လို Android ပြိုင်ဖက်တွေဟာ Foldable ဖုန်းများစွာ ရောင်းချထားပေမယ့် Apple က အခုထက်ထိ မရောင်းချနိုင်သေးပါဘူး။ အခုတော့ Bloomberg ရဲ့ Mark Gurman က Apple ဟာ အစောဆုံး အနေနဲ့ နောက်နှစ်မှာ ပထမဆုံး Foldable Device ကို ရောင်းချမယ်လို့ ပြောပါတယ်။

First foldable Apple iPhone might launch in 2026 or 2027 - SamMobile

Foldable iPhone လား iPad လားဆိုတာ မသိရသေးပါဘူး။ Apple ဟာ Mac အတွက် Foldable Model ကိုလည်း ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် Gurman က Foldable Mac ထွက်လာဖို့ နှစ်အနည်းငယ်လိုသေးတယ်လို့ ပြောပါတယ်။ Foldable iPhone ဟာ Quality Control ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အရင်ထွက်ထားတဲ့ သတင်းအရ Apple ရဲ့ ပထမဆုံး Foldable iPhone ဟာ Flip စတိုင် မဟုတ်ဘဲ စာအုပ်စတိုင် ဖြစ်မယ်လို့ သိရပါတယ်။

Ref : Gizmochina