ကမ္ဘာ့ အကြီးမားဆုံး လျှပ်စစ်ကား ထုတ်လုပ်သူ BYD က ဈေးနှုန်းအပိုင်းမှာ ပြိုင်ဆိုင်ချင်တဲ့အတွက် Autopilot System ကို သူ့ရဲ့ ကားအားလုံးနီးပါးမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
၆၉,၈၀၀ ယွမ် (၉,၅၅၄ ဒေါ်လာ) တန်ဖိုးရှိ Seagull အပါအဝင် အနည်းဆုံး ကားမော်ဒယ် ၂၁ ခုမှာ ယာဉ်မောင်းကို ထောက်ကူတဲ့ စနစ် (ADAS) ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီ မောင်းသူမဲ့ စနစ်ဟာ အဝေးပြေးလမ်းမှာ မောင်းနှင်နိုင်ပြီး အလိုအလျှောက် ပါကင်ထိုးနိုင်ပါတယ်။
အဲဒီ စနစ်ကို God’s Eye လို့ အမည်ပေးထားပြီး စမတ်ကျတဲ့ ယာဉ်မောင်းစနစ်ကို ရရှိစေမယ်လို့ BYD တည်ထောင်သူ Wang Chuanfu က ပြောပါတယ်။ ADAS System ကို အင်ဂျင်နီယာ ၅,၀၀၀ က ၇ နှစ်ကြာ အချိန်ယူ ဖန်တီးထားတာလို့ သူက ပြောပါတယ်။
BYD က ကား အသစ် ၁၅ သန်း သို့မဟုတ် ၂၀၂၅ ခုနှစ် တရုတ်မှာ ရောင်းချတဲ့ ကား ၃ ပုံ ၂ ပုံမှာ Autopilot ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။
လျှပ်စစ်ကား ဈေးကွက်မှာ ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး စမတ်ဖုန်း ကုမ္ပဏီတွေတောင် ကားထုတ်လုပ်နေကြပါပြီ။ အဲဒီအတွက် BYD က မောင်းသူမဲ့ နည်းပညာကို သူ့ရဲ့ ကားတွေမှာ အခမဲ့ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
Ref : south china morning post