ကမ္ဘာမှာ 5G အင်တာနက်ကိုတောင် နိုင်ငံအများစုမှာ မရသေးပေမယ့် တရုတ်မှာ ကမ္ဘာ့ ပထမဆုံး 10G အင်တာနက်ကို Xiong’an မြို့မှာ ဝန်ဆောင်မှုပေးလိုက်ပါတယ်။

While world talks 5G, China rolls out 10G network that can download movies in seconds

Huawei နဲ့ China Unicom တို့ ပူးပေါင်းပြီး 50G-PON နည်းပညာကို အသုံးပြုကာ ဝန်ဆောင်မှုပေးလိုက်တာ  ဖြစ်ပါတယ်။ အဲဒီ Broadband နည်းပညာ အသစ်ဟာ အရွယ်အစားကြီးမားတဲ့ ရုပ်ရှင်ဖိုင်တွေကို စက္ကန့်ပိုင်းအတွင်း ဒေါင်းလုပ်လုပ်နိုင်ပြီး Cloud က ဂိမ်းတွေကို Lag မရှိဘဲ ကစားနိုင်မှာ ဖြစ်ပါတယ်။

China launches broadband network with a whopping 10Gbps speed

ဒါ့အပြင် တရုတ်က 10G အင်တာနက်ဟာ စမတ်မြို့တော်တွေကို ချိတ်ဆက်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

ဘေဂျင်းရဲ့ အနောက်တောင်ဘက် ၇၀ မိုင်မှာ တည်ရှိတဲ့ Xiong’an ဟာ နည်းပညာမြို့တော် ဖြစ်ပြီး အခုတော့ ကမ္ဘာမှာ အမြန်ဆုံး အင်တာနက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 10G အင်တာနက်ရဲ့ ဒေါင်းလုပ် အမြန်နှုန်းဟာ တစ်စက္ကန့်ကို 10 Gigabytes ရှိပြီး 8K Video တွေကို ကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် မောင်းသူမဲ့ ကား၊ Virtual Reality (VR) ၊ Augmented Reality (AR) နဲ့ စမတ် မြို့တော်တွေကို အကူအညီပေးနိုင်ပါတယ်။ မြန်နှုန်းမြင့် အင်တာနက်ဟာ AI နည်းပညာကိုလည်း များစွာ တိုးတက်စေမှာ ဖြစ်ပါတယ်။

Ref : Interesting Engineering