Elon Musk နဲ့ ရင်းနှီးမြှပ်နှံသူ အုပ်စု တစ်ခုဟာ Musk ပူးတွဲ တည်ထောင်ခဲ့တဲ့ OpenAI ကို ဝယ်ယူဖို့ ဒေါ်လာ ၉၇.၄ ဘီလီယမ်နဲ့ ကမ်းလှမ်းခဲ့ပါတယ်။

Musk-led group makes $97.4 billion bid for control of OpenAI

Musk နဲ့ သူ့ AI ကုမ္ပဏီ ဖြစ်တဲ့ X AI နဲ့အတူ တခြား ရင်းနှီးမြှပ်နှံသူတွေဟာ တနင်္လာနေ့မှာ များပြားတဲ့ ငွေပမာဏနဲ့ OpenAI ကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Musk ရဲ့ ရှေ့နေ Marc Toberoff က ဒီသတင်းကို Business Insider ကို အတည်ပြုခဲ့ပြီး OpenAI ရဲ့ လုပ်ငန်းအားလုံးကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တာလို့ ပြောပါတယ်။

Musk-led group of investors submit unsolicited bid of $97.4B to take over  OpenAI | Fox Business

ဒီကမ်းလှမ်းမှုကြောင့် Musk နဲ့ OpenAI CEO Sam Altman တို့ရဲ့ တင်းမာမှုဟာ ပိုမြင့်မားလာပါတယ်။ ကမ်းလှမ်းမှု သတင်းထွက်လာပြီးနောက်မှာ Altman က X မှာ “ ကျေးဇူးတင်ပါတယ်။ OpenAI ကို မရောင်းပါဘူး။ သင် ရောင်းမယ်ဆိုရင် ကျွန်တော်တို့ Twitter ကို ဒေါ်လာ ၉.၇၄ ဘီလီယမ်နဲ့ ဝယ်ယူချင်ပါတယ်။ “ လို့ ရေးသားခဲ့ပါတယ်။

Musk ကလည်း “ လူလိမ်” ဆိုပြီး စကားတစ်လုံးထဲနဲ့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

Musk ဟာ OpenAI ရဲ့ စီးပွားရှာတဲ့ လုပ်ငန်း ပုံစံ ပြောင်းသွားတာကို အလွန် မကျေမနပ် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အခု ကမ်းလှမ်းမှုကြောင့် ကုမ္ပဏီရဲ့ အနာဂတ် အပေါ် ဘယ်လို အကျိုးသက်ရောက်မလဲ ဆိုတာ မသိသေးပါဘူး။

Ref : Technology Innovation