Meta ကုမ္ပဏီဟာ လာမယ့် မေလ ၂၀ ရက်နေ့မှာ ဝန်ထမ်းအင်အား ၈,၀၀၀ ကို ထပ်မံလျှော့ချတော့မှာ ဖြစ်ပါတယ်။ အဲဒီလို လျှော့ချရတာဟာ ကုန်ကျစရိတ်သက်သာဖို့ထက် ကုမ္ပဏီရဲ့ဖွဲ့စည်းပုံကို AI နည်းပညာသုံး အဖွဲ့ငယ်လေးတွေနဲ့ ပြန်လည်ပြင်ဆင်ဖို့အတွက် ဖြစ်တယ်လို့ CEO Mark Zuckerberg က ပြောပါတယ်။

အရင်က အင်ဂျင်နီယာအယောက် ၅၀ လောက် လုပ်ခဲ့ရတဲ့အလုပ်တွေကို အခုအခါမှာတော့ AI ကူညီမှုနဲ့ ဝန်ထမ်းတစ်ဦး ဒါမှမဟုတ် နှစ်ဦးတည်းနဲ့ တစ်ပတ်အတွင်း ပြီးအောင်လုပ်နိုင်လာတာကြောင့် အခုလို ဝန်ထမ်းအင်အားကို လျှော့ချရတာလို့ သိရပါတယ်။

 

New Meta layoffs affect several departments, including those in charge of WhatsApp and Instagram - NotebookCheck.net News

အခုနှစ်အတွင်း Meta ကုမ္ပဏီဟာ AI အခြေခံအဆောက်အအုံတွေ၊ ဒေတာစင်တာတွေနဲ့ ချစ်ပ်ပြား (chips) တွေ ထုတ်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၂၅ ဘီလီယံ ကနေ ၁၄၅ ဘီလီယံအထိ စံချိန်တင် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ် (CFO) Susan Li ရဲ့ ပြောကြားချက်အရ AI နည်းပညာ တိုးတက်မှု မြန်ဆန်နေတာကြောင့် ကုမ္ပဏီအတွက် ဝန်ထမ်းအင်အား ဘယ်လောက်ရှိသင့်သလဲဆိုတာကိုတောင် တိတိကျကျ မပြောနိုင်တော့ဘူးလို့ ဆိုပါတယ်။

ကုမ္ပဏီဟာ ဝန်ထမ်းတွေရဲ့ လစာထက် AI နည်းပညာပိုင်းမှာ ပိုပြီး ငွေကြေးပုံအော သုံးစွဲနေတာကြောင့် ဝန်ထမ်းဦးရေကို ထိန်းညှိဖို့ လိုအပ်လာတာဖြစ်ပါတယ်။

Meta's Zuckerberg hiring for new 'superintelligence' AI team, Bloomberg News reports | Reuters

Mark Zuckerberg ကတော့ AI ဟာ လူသားတွေရဲ့ နေရာမှာ အစားထိုးဖို့ မဟုတ်ဘဲ လူသားတွေရဲ့ လုပ်နိုင်စွမ်းကို ပိုပြီး မြှင့်တင်ပေးဖို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကုမ္ပဏီအတွင်းမှာတော့ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ပုံကို AI စနစ်နဲ့ စောင့်ကြည့်စစ်ဆေးပြီး အလုပ်စွမ်းဆောင်ရည်အပေါ် မူတည်ပြီး အဆင့်သတ်မှတ်တာတွေ လုပ်ဆောင်နေပါတယ်။

အခုအခါမှာ Meta ဟာ အရင်က အဖွဲ့လိုက်လုပ်ခဲ့ရတဲ့ အလုပ်တွေကို တစ်ဦးတည်း လုပ်နိုင်စွမ်းရှိတဲ့ ဝန်ထမ်းမျိုးတွေကိုပဲ အလိုရှိနေပြီး အဲဒီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဝန်ထမ်းတွေကိုတော့ အလုပ်ကနေ ထွက်ခွာခွင့် ပေးနေတာပဲ ဖြစ်ပါတယ်။

Ref: Times of India