Garmin က GPS Tracker အနေနဲ့ လူသိများတဲ့နာမည်ကြီး Brand တစ်ခုဖြစ်ပြီးတော့ အခုအချိမှာ ထူးထူးခြားခြား စမတ်ဖုန်းနဲ့တွဲဖက်အသုံးပြုနိုင်တဲ့ Fitness Tracker Smartwatch တစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ Smartwatch ကို Garmin Vivofit 4 လို့နာမည်ပေးထားပြီါ်း အားသာချက်ကတော့ Battery သက်တမ်းကလက်ရှိ Smartwatch အားလုံးထက်သာလွန်တဲ့ ၁ နှစ်လုံးလုံး အားသွင်းစရာမလိုပဲအသုံးပြုနိုင်တာဖြစ်ပါတယ်။ အဲ့လိုဆိုပြီး Screen ကလည်း ကိုယ်ကြည့်မှလင်းတာမျိုးမဟုတ်ပဲ အမြဲတမ်းလင်းနေတဲ့ Always On Display ကိုတပ်ဆင်ထားတာပါ.။

Garmin Vivofit 4 Smartwatch ဟာ Notifications, Weather Alarts, ခြေလှမ်းတွေ၊ လမ်းလျှောက်တဲ့အကွာအဝေးနဲ့ ကယ်လိုရီလောင်ကျွမ်းမှုတွေကိုပါ ဖော်ပြပေးမှာဖြစ်ပါတယ်။ ရေစိုလည်းခံနိုင်တယ်လို့ သိရှိရပြီး အားနည်းချက်လို့ပြောလို့ရတာကတော့ Heart Rate Sensor မပါဝင်တာဖြစ်မှာပါ။

အခုဒီ Garmin Vivofit 4 Smartwatch ကို ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၈၀ နဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ အခုလိုမျိုး Battery သက်တမ်းအကြာရှည်ဆုံး Smartwatch တစ်ခုဖြစ်လာတဲ့အတွက် ဒီဈေးနဲ့က တန်တယ်လို့ပြောရမှာပါ။