HTC ကနေ အခုလက်ရှိပုံမှန် VR Headset တွေလိုမျိုး စမတ်ဖုန်းတွေ၊ ကွန်ပျူတာနဲ့ ချိတ်စရာမလိုပဲ VR Headset တစ်ခုထဲနဲ့တင် Virtual Reality – VR Content တွေကို ကြည့်ရှုနိုင်မယ့် Vive Focus VR Headset ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ VR Headset က စမတ်ဖုန်းမလိုအပ်တဲ့အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ Qualcomm Snapdragon 835 CPU ကို VR Headset ထဲမှာထည့်သွင်းပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဦးခေါင်းရဲ့ လှုပ်ရှားမှုတွေကို သိရှိနိုင်တဲ့ 6DoF Movement နဲ့ 3DoF Controller တစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။

အခုလိုမျိုး သီးသန့်အသုံးပြုနိုင်တဲ့ VR Headset ကို ထုတ်လုပ်လိုက်တာက နောက်ပိုင်းမှာ Virtual Reality နည်းပညာကို ပိုပြီးတိုးတက်လာစေမယ်လို့ ယူဆရပါတယ်။ အခုလိုမျိုး HTC က Vive Focus VR Headset ကိုထုတ်လုပ်လိုက်တဲ့အတွက် Google ရဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်မယ့် HTC Daydream VR Headset ကို ရပ်ဆိုင်းလိုက်ပြီလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

အခုထွက်ရှိလာတဲ့ HTC Vive Focus VR Headset ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဈေးနှုန်း၊ ရောင်းချမယ့် အချိန်တွေကို အတိအကျပြောကြားသွားခြင်းတော့မရှိသေးပါဘူး။ မကြာခင်မှာလည်း Lenovo ကနေ အခု HTC Vive Focus လိုမျိုး သီးသန့်အသုံးပြုနိုင်တဲ့ VR Headset ကို ထုတ်သွားမယ်လို့ ကောလဟာလတွေထွက်ပေါ်နေပါတယ်။