Huawei က တရုတ်မှာ Enjoy 70X ကို ကြေညာလိုက်ပြီး စွမ်းရည်သင့် ဖုန်း ဖြစ်ပါတယ်။ ကြီးမားတဲ့ 6,100mAh Battery နဲ့ 40W Wired Charging ပါပါတယ်။
အဲဒီဖုန်းမှာ 6.78” OLED FHD+ Display နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး 8MP အရှေ့ကင်မရာကို ဆေးတောင့်ပုံ Notch မှာ တပ်ထားပါတယ်။ In-display Fingerprint Scanner ပါပါတယ်။ မကြာခဏ သုံးတဲ့ App , Widget နဲ့ Contact တွေကို လျှင်မြန်စွာ ဖွင့်နိုင်တဲ့ X Button ကို ဘေးဘက်မှာ တပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ပါပါတယ်။
ထုံးစံအတိုင်းပဲ Huawei က Chipset ကို မပြောပါဘူး။ Geekbench စာရင်းက Kirin 8000A 5G ဖြစ်နိုင်ပါတယ်။ အဲဒီ Chip ဟာ Snapdragon 695 ကို ယှဉ်နိုင်ပါတယ်။ တရုတ်မှာ Beidou ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုနိုင်ပြီး SMS နဲ့ ဓါတ်ပုံတွေ ပေးပို့ လက်ခံနိုင်ပါတယ်။ Software က HarmonyOS 4.2 ဖြစ်ပါတယ်။
Huawei Enjoy 70X အတွက် Gold Black , Snow Whtie Lake Blue နဲ့ Spruce Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8GB RAM ထည့်ထားပြီး 128GB Storage ကို ၂၄၆ ဒေါ်လာနဲ့ 512GB ကို ၃၁၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလ ၁၀ ရက်နေ့ ရောင်းမှာပါ။
Ref : Gsmarena