Huawei က ၂၀၂၄ ခုနှစ် မတ်လမှာ nova 12i ကို ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ် nova 13i ကို မိတ်ဆက်လိုက်ပါတယ်။

Huawei nova 13i launched with 108MP camera, Snapdragon 680 chipset

Huawei nova 13i မှာ 108MP Main ကင်မရာ ပါလာပြီး 2MP Depth ကင်မရာနဲ့ အားဖြည့်ထားပါတယ်။ အရှေ့ ကင်မရာက 8MP ဖြစ်ပါတယ်။ Chipset ကြောင့် Main ကင်မရာဟာ 1080p 30fps Video ပဲ ရိုက်ကူးနိုင်ပါတယ်။

Huawei nova 13i launched with 108MP camera, Snapdragon 680 chipset

Chipset က Snapdragon 680 ဖြစ်ပြီး 4G Chipset ဖြစ်ပါတယ်။ 8GB RAM နဲ့ 128GB/256GB Storage ပါလာပါတယ်။ Software က EMUI 14.2 ဖြစ်ပါတယ်။

Huawei nova 13i launched with 108MP camera, Snapdragon 680 chipset

Huawei nova 13i မှာ 6.7” LCD 1080p+ Display ပါလာပြီး 90Hz Refresh Rate ထည့်ထားပါတယ်။ Always On Display ပါလာတာက LCD မှာ ပုံမှန် မဟုတ်ပါဘူး။ 8MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။

5,000mAh Battery ပါလာပြီး 40W SuperCharge Turbo Charging ထည့်ထားပါတယ်။ Blue နဲ့ White အရောင်တွေ ထုတ်လုပ်ထားပြီး 256GB မော်ဒယ်ကို ၂၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : Gsmarena