Apple ရဲ့ Face ID စနစ်က သာမန် Selfie Camera ကိုပဲ အသုံးပြုပြီးတော့ Unlock လုပ်တာမဟုတ်ပဲ IR Sensor, Depth Sensor စတဲ့ Sensor တွေအများအပြားအသုံးပြုပြီးတော့ လုံခြုံစိတ်ချရအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး Face ID စနစ်ဟာ ဖုန်းကို Unlock လုပ်ဖို့ တစ်ခုထဲတင်အသုံးဝင်တာမဟုတ်ဘူးဆိုတာကို Kazuya Noshiro အမည်ရှိတဲ့ ဂျပန် Developer တစ်ယောက်က သက်သေပြခဲ့ပါတယ်။

Kazuya Noshiro ဟာ Virtual Reality Developer တစ်ယောက်ဖြစ်ပြီးတော့ iPhone X ရဲ့ Face ID စနစ်ကို အသုံးပြုပြီး မျက်လုံးနဲ့ ပါးစပ်ကလွဲပြီး မျက်နှာတစ်ခုလုံးကို ဖောက်ထွင်းမြင်နေရအောင်ဖျောက်ခဲ့တာဖြစ်ပါတယ်။

ကဲ Apple iPhone X ဝယ်ပြီး ကိုယ့်မျက်နှာကို ဖျောက်ကြည့်ကြမလား?