OPPO Find N3 နဲ့ Find N3 Flip ဖုန်းကို ကမ္ဘာ့စျေးကွက်များတွင် စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ ဖုန်း နှစ်မျိုးလုံးဟာ နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင် ဦးဆောင်ခဲ့ကြပါတယ်။

OPPO ဟာ ကျယ်ပြန့်တဲ့ ထုတ်ကုန် ‌Ecosystem က တစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူတွေအတွက် အဆင့်မြင့် လူနေမှုဘဝအတွေ့အကြုံတွေကို ပေးအပ်နေတဲ့အပြင် ဆန်းသစ်တီထွင်မှုကို မြှင့်တင်တဲ့ လုပ်ငန်းနယ်ပယ်ဆိုင်ရာ တိုးတက်မှုကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

ဒီလိုမျိုး ကြိုးပမ်းအားထုတ် လုပ်ဆောင်မှုတွေကြောင့် OPPO ဟာ မကြာသေးမီ နှစ်များအတွင်း နိုင်ငံတကာက ပိုမိုအသိအမှတ်ပြုလာခြင်း ခံခဲ့ ရပါတယ်။

၂၀၂၃ ခုနှစ်မှာ OPPO ဟာ Fast Company ရဲ့ ဆန်းသစ်တီထွင်မှုအရှိဆုံး အာရှ-ပစိဖိတ်ကုမ္ပဏီ ၁၀ ခု အနက်မှ တစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့အပြင် iF International Forum Design ပွဲမှာလဲ စုစုပေါင်း ဆု ၁၅ ခုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

OPPO ဟာ 2023 Edison Best New Product Awards အပါအဝင် 2023 SEAL Sustainable Product Award ကို OPPO Air Glass ၊ OPPO Battery Health Engine အစရှိတဲ့ ထုတ်ကုန်တွေအတွက် ဆုများစွာကိုလဲ သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဒီ အောင်မြင်မှုတွေဟာ OPPO ရဲ့ Cutting-edge Technology၊ ရေရှည်တည်တံ့မှုဆိုင်ရာ ပံ့ပိုးမှုတွေနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုခံရလာမှုကို ထင်ဟပ်နေပါတယ်။

OPPO Find N2 ဟာ MWC Shanghai မှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2023 Asia Mobile Awards မှာ အာရှရဲ့ အကောင်းဆုံး Smartphone အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ OPPO Find N2 ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ ဆန်းသစ်တီထွင်တဲ့ အသုံးပြုသူဆိုင်ရာ အတွေ့အကြုံတွေကြောင့် ဒီဖုန်းဟာ နာမည်ကြီးထင်ရှားတဲ့ ဒီဆုကို ရယူဖို့အတွက် ဆန်ခါတင် စာရင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

GSMA က ချီးမြှင့်တဲ့ Asia Mobile Award တွေဟာ ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်အတွက် ဒေသတွင်းဆိုင်ရာမှာ ထင်ရှားတဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုဖြစ်ပြီး ဒီဆုကို GSMA ရဲ့ ကျွမ်းကျင်သူတွေက စိစစ်ရွေးချယ် ပေးအပ်ကြတာဖြစ်ပါတယ်။

အခုလိုမျိုး OPPO Find N2 Flip နဲ့ အတူ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ OPPO ဟာ နောက်ထပ် Find N Foldable Series ရဲ့ Next Generation ဖုန်းဖြစ်တဲ့ OPPO Find N3 နဲ့ Find N3 Flip Global Version ကို စင်္ကာပူနိုင်ငံမှာ အောက်တိုဘာလ ၁၉ ရက်နေ့က စတင်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။

ယင်း မိတ်ဆက်ပွဲမှာတော့ OPPO ဟာ Find N3 series တွေကို UEFA Champions League ရဲ့ Official Smartphone Partner အဖြစ် ကြေညာခဲ့ပါတယ်။ ဒါပြင် နာမည်ကြီး ဂန္တဝင် ဘောလုံးကစားဟောင်း တစ်ဦးဖြစ်သူ Ricardo Kaká က OPPO Champion Foldables Ambassador အဖြစ် ခန့်အပ်ခဲ့ပြီး OPPO Find N3 Fold ကိုလဲ Live unboxing ပြုလုပ်ခဲ့ကာ ပါးလွှာပေါ့ပါးတဲ့အပြင် အထူးစွမ်းဆောင်နိုင်တဲ့ ချန်ပီယံ ခေါက်လို့ရတဲ့ဖုန်းအဖြစ် ကြိုက်နှစ်သက်တဲ့ကြောင်း သူ့ရဲ့ အတွေ့အကြုံကို ဝေမျှခဲ့ပါတယ်။

ဒီဖုန်းတွေက ပုံရိပ်ဖော်ခြင်း၊ ဒီဇိုင်းနဲ့ အသုံးဝင်မှုတွေမှာ အသုံးပြုသူတွေအတွက် ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံတွေ ပေးစွမ်းနိုင်မှာဖြစ်ပြီး နောက်ထပ် မိတ်ဆက်မဲ့ Foldable smartphones မှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ ရရှိဖို့ မျှော်လင့်နိုင်စေမှာ ဖြစ်ပါတယ်။

“OPPO မှာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ အကောင်းဆုံးကို ဖန်တီးဖို့ဖြစ်ပြီး Find N3 နဲ့ Find N3 Flip ဖုန်းတွေမှာ ကောင်းကောင်း ဖန်တီးပြနိုင်ခဲ့ပါတယ်။ ခေါက်လို့ရနိုင်မဲ့ ကြီးမားတဲ့ မျက်နှာပြင်ကို အသုံးပြုရတာ ကျေနပ်စရာပါပဲ။ ဒါကြောင့် Find N3 မှာ ကြည်လင်တောက်ပပြီး အရောင်အသွေးစုံလင်တဲ့ Display တွေ ပါဝင်တဲ့ မျက်နှာပြင် နှစ်ခုရှိမှာ ဖြစ်ပြီး အရည်အသွေးကတော့ အတူတူပဲ ဖြစ်ပါတယ်။

ပရီမီယံအဆင့်ရှိတဲ့ စမတ်ဖုန်းတွေမှာရော ခေါက်လို့ရတဲ့ ဖုန်းတွေမှာပါ ကင်မရာကောင်းကောင်း ပါဝင်သင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါမှ Find N3 နဲ့ Find N3 Flip ဖုန်း နှစ်ခုလုံးအနေနဲ့ ဘဝရဲ့ တန်ဖိုးရှိတဲ့ အခိုက်အတန့်တွေကို အသေးစိတ် ဖမ်းယူရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် အရေးအကြီးတဲ့ စွမ်းဆောင်ရည်မြင့် အရည်အသွေးတွေ၊ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Find N3 နဲ့ Find N3 Flip ဖုန်းတွေဟာ တီထွင်ဖန်တီးနိုင်စွမ်း၊ စွမ်းဆောင်နိုင်ရည်နဲ့ မိမိကိုယ်ကို ထုတ်ဖော် ပြသနိုင်မှု စတာတွေမှာ ခေါက်သိမ်းလို့ရတဲ့ အတွေ့အကြုံကောင်းတွေကို နောက်တစ်ဆင့် ခံစားနိုင်စေဖို့ အဆင်သင့် ဖြစ်နေပါပြီ” လို့ OPPO ရဲ့ SVP နဲ့ Chief Product Officer ဖြစ်တဲ့ Pete Lau က ပြောကြားခဲ့ပါတယ်။

OPPO Find N3 ဟာ ပါးလွှာပြီး ပေါ့ပါးတဲ့ ဒီဇိုင်းကို လှပမှုနဲ့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ အဆင့်မြင့် မျက်နှာပြင် နှစ်ခုဟာ ခေါက်နိုင်တဲ့ ဘယ်ဖုန်းမဆိုမှာ အထင်ရှားဆုံး၊ အတောက်ပဆုံးဖြစ်ပြီး သက်သောင့်သက်သာရှိတဲ့ အရွယ်အစား ပိုင်ဆိုင်ထားသလို Pro-grade Imaging System ပါတဲ့ ပထမဆုံး ခေါက်ဖုန်းအမျိုးအစားဖြစ်ပါတယ်။

ColorOS 13.2 ရဲ့ မျိုးဆက်သစ် လုပ်ဆောင်နိုင်စွမ်းနဲ့အတူ သူ့မှာ ပါဝင်တဲ့ အဆင့်မြင့်ကင်မရာတွေ၊ Pixel Technology အသစ်နဲ့ Hasselblad ရဲ့ ကင်မရာ လုပ်ဆောင်ချက်တွေဟာ PC-level ရှိတဲ့ စွမ်းဆောင်ရည်ကို လုပ်ဆောင်ပေးနိုင်မှာပါ။ ကောင်းမွန်တဲ့ အရည်အသွေး စွမ်းဆောင်ရည်၊ ဘက်ထရီသက်တမ်းနဲ့ အားသွင်းမြန်ဆန်မှုနှုန်းတွေ ပါဝင်တဲ့ Find N3 ဟာ ပါးလွှာပြီး အကောင်းဆုံးနဲ့ သုံးစွဲမှု အတွေ့အကြုံ နှစ်ခုကို ပါးလွှာတဲ့ ဖုန်းတစ်ခုတည်းမှာ တစ်ပြိုင်နက် ရရှိစေမှာပါ။

OPPO Find N3 Flip ဟာဆိုရင် Flip ဖုန်းတွေမှာ ပထမဆုံး အဆင့်မြင့် ကင်မရာသုံးလုံး Telephoto Len တွေ ပါဝင်တဲ့ ဖုန်းဖြစ်ပါတယ်။ အံ့သြစရာကောင်းတဲ့ ကင်မရာ ပါဝင်တဲ့အပြင် အဆင့်မြှင့်ထားတဲ့ ဒေါင်လိုက် Cover Screen နဲ့ App တွေအတွက် အထူးပြင်ဆင်ထားတဲ့ ColorOS 13.2 ဟာ ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးအတွက် ပရီမီယံ Style နဲ့ အဆင့်မြင့် စွမ်းဆောင်ရည်တို့ကို ပေါင်းစပ်ထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အောင်မြင်မှုများစွာ ရရှိထားတဲ့ OPPO Foldable Smartphones ရဲ့ Next Generation ဖုန်းဖြစ်တဲ့ OPPO Find N3 series ကို အရှေ့တောင်အာရှ စျေးကွက်တွေမှာ မကြာမီ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

Media release: OPPO