အိုင်ယာလန် နိုင်ငံ Dundalk မှာ 3D Printing နည်းပညာနဲ့ လူနေတိုက်ခန်းတွဲကို ၁၂ ရက်ထဲနဲ့ တည်ဆောက်နိုင်ခဲ့ပါတယ်။

Ireland's first 3D printed social housing scheme unveiled in Co Louth -  Engineers Ireland

၃,၅၅၀ စတုရန်း ပေ ကျယ်ဝန်းတဲ့ တိုက်ခန်းတွဲ ဖြစ်ပြီး Harcourt Technologies Ltd က COBOD ရဲ့ BOD2 3D Printer နဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ အိမ် ၃ လုံး ပါပြီး တစ်လုံးစီဟာ ၁,၁၈၄ စတုရန်း ပေ ကျယ်ကာ အထပ် ၂ ထပ် ထည့်သွင်းထားပါတယ်။

First Viewing of Ireland's 3D Printed Social Housing | Roadstone

3D Printing နည်းပညာနဲ့ တည်ဆောက်တဲ့ အစိတ်အပိုင်းတွေဟာ ၁၂ ရက်ပဲ ကြာမြင့်ခဲ့ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကို တည်ဆောက်တဲ့ အချိန်ဟာ ၁၃၂ ရက်ကြာကာ ပုံမှန်ထက် ၃၅ ရာခိုင်နှုန်း ပိုမြန်ပါတယ်။

COBOD က 3D Printer ရဲ့ အိမ် တည်ဆောက်မှု အချိန်ကို ၄၀ ရာခိုင်နှုန်း မြှင့်တင်ထားပြီး အနာဂတ်မှာ အလားတူ အိမ်ကို ၉ ရက်ထဲနဲ့ တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။

3D Printing နည်းပညာကို အိမ် တည်ဆောက်ရာမှာသာမက အထည် ထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာ၊ အိမ်တွင်း အလှဆင်ပစ္စည်း၊ ပညာရေးနဲ့ အာကာသ၊ လေကြောင်း နယ်ပယ်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။

Ref : Technology Innovation