ဂျပန်က ငလျင်ကြောင့် နေအိမ် အဆောက်အဦး ပျက်ဆီးမှုကို ကာကွယ်နိုင်မယ့် ထူးခြားဆန်းသစ်တဲ့ နည်းပညာကို မိတ်ဆက်လိုက်ပါတယ်။ ဂျပန် မှ Air Danshin ကုမ္ပဏီက ငလျင်လှုပ်တဲ့ အချိန်မှာ နေအိမ်ကို လေပေါ်မြောက်တက်နိုင်တဲ့ လေဖိအားသုံး နည်းပညာကို တီထွင်လိုက်ပါတယ်။
သာမာန် အချိန်မှာ နေအိမ်ရဲ့ အောက်မှာ လေလျှော့ထားတဲ့ လေအိတ်တွေကို ထားရှိထားမှာ ဖြစ်ပါတယ်။ ငလျင်လှုပ်တဲ့ အချိန်မှာ အဲဒီ စနစ်က အာရုံခံနိုင်ပြီး လေအိတ်ထဲကို လေ ဖြည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ နေအိမ်ကို လေပေါ် မြောက်တက်စေမှာ ဖြစ်ပြီး တုန်ခါနေတဲ့ မြေပြင်နဲ့ နေအိမ်ကို တိုက်ရိုက်ထိတွေ့မှု မရှိစေမှာ ဖြစ်ပါတယ်။ ငလျင်လှုပ်တာ ရပ်သွားတာနဲ့ နေအိမ်ဟာ မြေပြင်ပေါ် ပြန်လည် ကျရောက်လာမှာ ဖြစ်ပါတယ်။
ဒီနည်းပညာဟာ ထိရောက်တယ်ဆိုတာ သက်သေအထောက်အထားတွေ ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ ၇.၃ မဂ္ဂနီကျု ငလျင် လှုပ်တဲ့အခါမှာ ဒီနည်းပညာကို အသုံးပြုထားတဲ့ နေအိမ်တွေဟာ ပျက်ဆီးမှု မရှိဘူးဆိုတာတွေ့ခဲ့ရပါတယ်။
ဂျပန်ဟာ ငလျင်ဒဏ်ကို အဆိုးဆုံး ခံစားရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ အဲဒီအတွက် ငလျင်ဒဏ်ကို ခံနိုင်တဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် တီထွင်နေပါတယ်။
Ref: Amazing Japan