ဂျပန်က Perovskite Solar Cell (PSC) နည်းပညာကို အသုံးပြုထားတဲ့ Solar Panel အသစ်တွေကို ပြသလိုက်ပါတယ်။ အဲဒီ Solar Panel တွေဟာ ၂၀၄၀ ခုနှစ်မှာ လျှပ်စစ်စွမ်းအင် 20 Gigawatts အထိ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပြီး နယူးကလီးယား ဓါတ်ပေါင်းဖို ၂၀ က ထုတ်လုပ်တဲ့လျှပ်စစ်စွမ်းအင် ပမာဏနဲ့ တူညီပါတယ်။

Japan Reveals World's First Solar Super-Panel Generating More Power Than 20  Nuclear Reactors : r/japannews

သမားရိုးကျ Silicon Panel တွေဟာ လေးလံပြီး ကွေးညွှတ်လို့ မရပါဘူး။ Perovskite Solar Cell တွေဟာ ပေါ့ပါးပြီး ကွေးညွှတ်နိုင်သလို စွမ်းရည်မြင့်မားပါတယ်။ တပ်ဆင်ရတာ လွယ်ကူတဲ့အတွက် အဆောက်အဦး နံရံ၊ ပြတင်းပေါက်၊ ကားခေါင်မိုးနဲ့ လမ်းမီးတိုင်တွေမှာ တပ်ဆင်နိုင်ပါတယ်။

The same power as 20 nuclear reactors - this is the world's first solar  superpanel, unveiled by Japan, that changes everything

ဂျပန်လို လူဦးရေများတဲ့ နိုင်ငံမှာ ကြီးမားတဲ့ Solar Farm တွေ တည်ဆောက်ဖို့ နေရာနည်းပါးပါတယ်။ အဲဒီအတွက် Perovskite Solar Cell တွေဟာ အလွန် အသုံးဝင်ပါတယ်။ ဂျပန် စက်မှုလုပ်ငန်းဌာနရဲ့ အာဏာပိုင်တွေက Perovskite Cell တွေဟာ မြို့တော် ဧရိယာတွေမှာ သန့်ရှင်းတဲ့ စွမ်းအင်ကို ပံ့ပိုးပေးနိုင်မယ်လို့ ပြောပါတယ်။ အရင်က ဒါမျိုး ပြုလုပ်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

ဂျပန်ဟာ Solar Cell နယ်ပယ်မှာ ကမ္ဘာ့ ထိပ်တန်း ဖြစ်နေရတဲ့ အကြောင်းအရင်း တစ်ခုက Iodine တွေ ပေါများလို့ ဖြစ်ပြီး ချီလီ ပြီးရင် ကမ္ဘာ့ ဒုတိယအကြီးဆုံး Iodine ထုတ်လုပ်သူ ဖြစ်ပါတယ်။ Iodine ဟာ Perovskite Solar Cell တွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အဓိက ဒြပ်ထု ဖြစ်ပါတယ်။ ဂျပန်ဟာ ၂၀၅၀ ခုနှစ်မှာ ကာဘွန် ထုတ်လွှင့်မှု သုည ဖြစ်အောင် ရည်မှန်းထားပါတယ်။

Ref : myelectricsparks