Smartwatch တွေက စမတ်ဖုန်းတစ်လုံးလိုမျိုးလုပ်ဆောင်ချက်အများအပြားကို လုပ်ဆောင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပေမယ့် သူတို့မှာက အခုအချိန်အထိ စမတ်ဖုန်းတွေ၊ Tablet တွေကို မကျော်နိုင်သေးတဲ့ အားနည်းချက်တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ နာရီအနေနဲ့ ပြုလုပ်ထားရတဲ့အတွက် Display က လုံလောက်အောင်မကြီးတာပါ။

ဒါပေမယ့် အခုအချိန်မှာတော့ Carnegie Mellon University က Researcher တွေက ပြုလုပ်ခဲ့တဲ့ LumiWatch Prototype ကတော့ အခု လက်ရှိ Smartwatch တွေကို ပြောင်းလဲတော့မယ့်ပုံပါပဲ။ ဘာဖြစ်လို့လဲဆိုရင် အဆိုပါ Smartwatch က နာရီရဲ့ Display အစား ကိုယ့်လက်မောင်းကို 40 Square Centimeter ရှိတဲ့ Display တစ်ခုအဖြစ် ပြသပေးနိုင်မှာပါ။

အခုလိုမျိုး လက်မောင်းကို Display အနေနဲ့ Project လုပ်ထားတဲ့အတွက် 15 Lumen Projector ကို ထည့်သွင်းပေးထားပြီး Qualcomm Snapdragon Quad Core CPU နဲ့ အတူ 768MB RAM နဲ့အတူ 4GB Storage ပါဝင်မှာဖြစ်ပါတယ်။

အခုဒီလိုမျိုး LumiWatch က Prototype ဖြစ်တဲ့အတွက် အခုအချိန်အထိ ရောင်းချနိုင်ခြင်းမရှိသေးပေမယ့် ရောင်းချတဲ့အချိန်ကြရင်တော့ ဒေါ်လာ ၆၀၀ ဝန်းကျင်နဲ့ရောင်းချသွားမယ်လို့ ပြောကြားထားပါတယ်။ ဘာပဲဖြစ်ဖြစ် အခုဈေးက လက်ရှိ Smartwatch တွေထက်ပိုပြီး များပေမယ့်လည်း အခုလို ထူးခြားတဲ့ Design ကြောင့် အောင်မြင်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။