နည်းပညာ ကုမ္ပဏီတွေအကြားမှာ အပြန်အလှန် ဝေဖန်တိုက်ခိုက်မှုတွေ ရှိကြပါတယ်။ အခုလည်း Meta CEO ဇူဖူ က Apple ကို ဝေဖန်လိုက်ပါတယ်။
သူက “ Steve Jobs ဟာ iPhone ကို မိတ်ဆက်ခဲ့ပြီး Apple ဟာ အခု နှစ်ပေါင်း ၂၀ ကြာတဲ့အထိ တိုးတက်အောင် မလုပ်နိုင်သေးပါဘူး။ iPhone ရဲ့ အောင်မြင်မှုကို အခုအချိန်အထိ မှီခိုနေပါတယ်။ ဆန်းသစ်တဲ့ နည်းပညာတွေ မထည့်သွင်းဘဲ ဘာမှ မပြောပလောက်တဲ့ တိုးတက်မှု အနည်းငယ်ပဲ ပါလာပါတယ်။ အဲဒီအတွက် သုံးစွဲသူ အနည်းငယ်ကပဲ iPhone အသစ်တွေ ဝယ်ကြပါတယ်။ “ လို့ ပြောပါတယ်။
သူက “ Apple ရဲ့ Business Model ကို စိန်ခေါ်ပါတယ်။ နည်းပညာ နယ်ပယ်မှာ ခေါင်းဆောင် အနေနဲ့ Apple ဟာ တီထွင်ဆန်းသစ်မှုတွေ ဆက်လက်လုပ်နိုင်သေးသလားဆို မေးချင်ပါတယ်။ “ လို့ ပြောပါတယ်။
ဇူဇူက Apple ရဲ့ App Store မူဝါဒကိုလည်း ဝေဖန်လိုက်ပြီး Developer တွေဆီကနေ ၁၅ ကနေ ၃၀ ရာခိုင်နှုန်း ကောက်ခံတာကို ပြောချင်တာပါ။ သူက “ အဲဒီ ငွေကြေး ကောက်ခံမှုဟာ စီးပွားရေးလုပ်ငန်းငယ်တွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ပြီး Apple ဟာ iPhone ရောင်းအား မကောင်းလို့ Developer တွေရဲ့ ဝင်ငွေအပေါ် မှီခိုမှု မြင့်မားလာတာပါ။ “ လို့ သုံးသပ်ပါတယ်။
ဇူဇူက ဒေါ်လာ ၃,၅၀၀ တန် Apple Vision Pro အကြောင်းကိုလည်း ပြောပါသေးတယ်။ သူက အဲဒီ Headset ရဲ့ ဆန်းသစ်တဲ့ နည်းပညာကို အသိအမှတ်ပြုပေမယ့် အဲဒီ စွမ်းရည်တွေဟာ ပိုမို ဈေးချိုတဲ့ Meta Quest Series မှာ ပါတယ်လို့ ပြောပါတယ်။
Ref : msn