Nokia ကုမ္ပဏီဟာ ယခင်တုန်းက Nokia Keypad ဖုန်းတွေနဲ့ ဖုန်းဘုရင်တစ်ဆူလို့တောင် ခေါ်ဆိုလို့ရလောက်အောင် အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Android ဖုန်းတွေက များပြားလာတဲ့အတွက် Nokia ဖုန်းတွေက မှေးမှိန်ပျောက်ကွယ်သွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ်ဝန်းကျင်ကမှ Nokia ကုမ္ပဏီကို HMD ကနေ ဝယ်ယူလိုက်ပြီး Nokia နာမည်နဲ့ပဲ Android OS စနစ်သုံး စမတ်ဖုန်းတွေနဲ့ Keypad ဖုန်းတွေကို ပြန်လည်ထုတ်လုပ်လာတာဖြစ်ပါတယ်။

အခုလိုမျိုး စမတ်ဖုန်းဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာတာက ၁ နှစ်ကျော်ပဲရှိနေသေးပေမယ့် ယခုနှစ်အတွင်းမှာ Nokia ဖုန်းတွေရောင်းချရမှုက မဆိုးဘူးလို့ ပြောလို့ရတဲ့အဆင့်တစ်ခုရောက်လာပြီဖြစ်ပါတယ်။ Nokia ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ Nokia Smartphone အလုံးရေ 2.8 Million နဲ့ Nokia Feature ဖုန်းအလုံးရေ 13.5 Million ရောင်းချခဲ့ရပြီး အခုဆိုရင် တကမ္ဘာလုံးမှာရှိတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ နံပါတ် (၈) နေရာကို ရရှိထားတယ်လို့ သိရပါတယ်။

ဒါတွေက Nokia ကနေ China အတွက်သီးသန့်ထုတ်လုပ်ထားတဲ့ Nokia 7 နဲ့ အချို့သောနိုင်ငံတွေမှာပဲရောင်းချနေသေးတဲ့ Nokia 8 စမတ်ဖုန်းတွေပါဝင်ကြောင့် ရောင်းအားနည်းနေရတာဖြစ်ပြီး နောက်နှစ်မှာတော့ အခုထက်ကောင်းတဲ့ရလဒ်ကို ရရှိလာမယ်လို့ မျှော်လင့်ရပါတယ်။