OnePlus က တရုတ်မှာ ဧပြီလ ၂၄ ရက်နေ့က အရွယ်သေး စွမ်းရည်မြင့်ဖုန်း OnePlus 13T ကို ကြေညာခဲ့ပါတယ်။ ဧပြီလ ၃၀ ရက်နေ့မှာ ရောင်းချပေးခဲ့ပါတယ်။ အခုတော့ OnePlus China ဥက္ကဌ Louis Lee က အဲဒီဖုန်းရဲ့ ရောင်းအားကို ကြေညာလိုက်ပါတယ်။
သူက OnePlus 13T ဟာ ၁၀ မိနစ်အတွင်း ယွမ် ၂၀၀ သန်း (ဒေါ်လာ ၁၇.၆ သန်း) ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ၂ နာရီအတွင်းမှာ ကုမ္ပဏီရဲ့ တစ်ရက် ရောင်းအား ခန့်မှန်းချက်ကို ကျော်လွန်နိုင်ခဲ့ပါတယ်။
OnePlus 13T ရဲ့ ဈေးနှုန်းတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
-
- 12GB+256GB: 3,399 CNY (~$465)
- 12GB+512GB: 3,799 CNY (~$520)
- 16GB+256GB: 3,599 CNY (~$492)
- 16GB+512GB: 3,999 CNY (~$547)
- 16GB+1TB: 4,499 CNY (~$616)
OnePlus 13T ဟာ စွမ်းရည်မြင့် အရွယ်သေး ဖုန်း ဖြစ်ပြီး 6.32” LTPO AMOLED FHD+ Display , 1-120Hz Adaptive Refresh Rate ပါပါတယ်။ အမြင့် ၅.၉ လက်မနဲ့ အကျယ် ၂.၈ လက်မပဲ ရှိတဲ့အတွက် လက်တစ်ဖက်ထဲနဲ့ သုံးနိုင်ပါတယ်။ Display အောက်မှာ Optical Fingerprint Scanner ထည့်ထားပြီး Display ကို OPPO Crystal Shield Glass နဲ့ ကာကွယ်ထားပါတယ်။
Alert Slider အစား Shortcut Key ထည့်ထားပြီး App နဲ့ တခြား Shortcut တွေကို လျှင်မြန်စွာ ဖွင့်နိုင်ပါတယ်။ အရွယ်သေး ဖုန်း ဖြစ်ပေမယ့် ကြီးမားတဲ့ 6,260mAh Battery ပါလာပြီး 80W Charging ထည့်ထားပါတယ်။ အပူချိန် လျှော့ချပေးတဲ့ VC Cooling ပါပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 50MP 2x Telephoto ကင်မရာတွေ တပ်ထားပါတယ်။
စွမ်းရည်မြင့် Snapdragon 8 Elite Chipset ပါလာပြီး 16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။ Android 15 အခြေပြု ColorOS 15 ပါလာပြီး နိုင်ငံတကာ မော်ဒယ်မှာ OxygenOS ပါလာနိုင်ပါတယ်။ 13T မှာ IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။
Ref : Gizmochina