[Zawgyi]




[Unicode]

4,230mAh ဘက်ထရီနှင့် OPPO A5s စမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင်

OPPO Myanmar ရဲ့ ထုတ်ကုန်အသစ် ဖြစ်သော ရေစက်ပုံစံ မျက်နှာပြင်နှင့် ကြီးမားသော 4230 mAH ဘက်ထရီ ပါဝင်တဲ့ OPPO A5s စမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံအနှံ့တွင် ဧပြီလ (၂၃)ရက်နေ့မှ စတင်၍ ဝယ်ယူနိုင်နေပြီ ဖြစ်ပြီး အနီရောင်နှင့် အနက်ရောင် နှစ်ခုမှ မိမိနှစ်သက်သလို ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

OPPO A5s က ၆.၂လက်မ အရွယ်အစားရှိပြီး OPPO မှ ပထမဆုံးထုတ်လုပ်သည့် ရေစက်ပုံစံမျက်နှာပြင်ပြည့် ဒီဇိုင်းတို့ကို အသုံးပြုထားတဲ့အပြင် ဘက်ထရီအားကုန်မြန်ခြင်း ပြဿနာကို ပြေလည်စေမည့် ကြီးမားပြီး ကြာရှည်ခံသော 4,230mAh ဘက်ထရီပမာဏ ပါဝင်လာပါတယ်။ Android OS 8.1 ပေါ်တွင်အခြေခံထားတဲ့ OPPO ရဲ့ကိုယ်ပိုင် ColorOS 5.2 version က ထိတွေ့သုံးစွဲမှုပိုင်းပိုမိုကောင်းမွန်စေတဲ့အပြင် battery သက်တမ်းကိုပါ ပိုမိုကြာရှည်ခံ စေမယ်လို့ ဆိုပါတယ်။

OPPO ရဲ့ A5s စမတ်ဖုန်းသစ်တွင် လှပသော Selfie ပုံရိပ်များကို ရိုက်ကူးနိုင်မယ့် 8MP AI Beauty ရှေ့ဘက် ကင်မရာ၊ ကောင်းမွန်တဲ့ဓာတ်ပုံများနှင့် Portrait အလှပုံများ ရိုက်ကူးနိုင်စေရန် 13MP+2MP ကျောဘက်ကင်မရာ ၂ လုံးကိုလည်း တပ်ဆင်ပေးထားပါတယ်။ OPPO A5s တွင် RAM 2GB နှင့် ROM 32GB ပါဝင်မှာဖြစ်ပြီး ဖုန်းရဲ့ နောက်ကျောဘက်တွင် fingerprint sensor ကိုလည်း တပ်ဆင်ပေးထားပါတယ်။ OPPO A5s တန်ဖိုးသင့် စမတ်ဖုန်းကို ၂၀၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံအနှံ့ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။