ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဟာ စျေးကွက်ခိုင်မှာမှုရှိစေဖို့နဲ့ စီးပွားရေးကျဆင်းမှုတွေကို ထိရောက်စွာ တန်ပြန်ခံနိုင်ရည် ရှိစေဖို့အတွက် ပရီမီယံအရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းထုတ်လုပ်ရေး လက်ကြောင်းဆီသို့ အသွင်ကူးပြောင်းလျက် ရှိပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်းတွေ ရောင်းချမှုနှုန်း ကျဆင်းခဲ့ပေမဲ့လဲ Premium ဈေးကွက် အနေအထားမှာတော့ Foldable Smartphone တွေဟာ ဖုန်းစျေးကွက်ကို လွှမ်းမိုးလာတာကို တွေ့မြင်ခဲ့ရပါတယ်။

Foldable Smartphone တွေကိုတော့ ၂၀၁၉ ခုနှစ်မှာ စတင်မိတ်ဆက်ပြီးခဲ့တဲ့အချိန်က စပြီး ဆင့်ကဲ တိုးတက်ပြောင်းလဲ လာခဲ့ပါတယ်။ Foldable Smartphone တွေကို ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့ရာကနေစပြီး အဆင့်ဆင့် စမ်းသပ်ပြောင်းလဲ လာခဲ့ပြီး နေ့စဥ်သုံး Foldable ဖုန်းတစ်လုံးအဖြစ် လက်တွေ့ကျကျ အသုံးပြုနိုင်ဖို့နဲ့ အဆင်မြှင့်တင်နိုင်ဖို့ အထူးအလေးပေး လုပ်ဆောင်လာခဲ့ကြပါတယ်။ လက်ရှိမှာတော့ ထွက်ရှိထားသော Foldable ဖုန်းမော်ဒယ်အမျိုးအစားတွေဟာ Flat-screen ဖြစ်တဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းတွေကို အရည်အသွေးပိုင်းမှာ စိန်ခေါ်နိုင်တဲ့ တိုးတက်မှုအခြေအနေတွေကို မြင်တွေ့ရလျက် ရှိပါတယ်။

Flagship အမျိုးအစား စမတ်ဖုန်းတွေဖြစ်တဲ့ OPPO Find N2 series နဲ့ Find X6 series တို့ရဲ့ စွမ်းဆောင်ရည်ကြောင့် OPPO ဟာ ၂၀၂၃ ခုနှစ်ရဲ့ ပထမ နှစ်ဝက်အတွင်း တရုတ်စမတ်ဖုန်းဈေးကွက်မှာ ပထမနေရာ ရပ်တည်ခဲ့တဲ့အပြင် ကမ္ဘာတစ်ဝန်းလုံး စတုတ္ထနေရာမှာ တစ်ချိန်တည်း နေရာယူလျက်ရှိပါတယ်။ OPPO ဟာ Canalys ရဲ့ စစ်တမ်းအချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ စမတ်ဖုန်းတင်ပို့ရောင်းချမှု ၅၁.၉ သန်းဖြင့် ကမ္ဘာ့စမတ်ဖုန်းစျေးကွက်ဝေစု ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး တရုတ်နိုင်ငံ၏ စမတ်ဖုန်းစျေးကွက်ဝေစု ၁၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကာ တရုတ်နိုင်ငံအတွင်း အရောင်းရဆုံး အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

OPPO Find N2 Flip ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ မေလအတွင်း တရုတ်နိုင်ငံမှာ Foldable Smartphone ရောင်းချမှုရဲ့ ၁၅ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့ပြီး အခြားသော Foldable ထုတ်ကုန်အားလုံးထက် သာလွန်ကောင်းမွန်ခဲ့ကြောင်း Counterpoint စစ်တမ်းပြုစုမှုကနေ သိရှိရပါတယ်။ ကြီးမားသော ကာဗာမျက်နှာပြင်ပါဝင်သည့် ပထမဆုံး ဒေါင်လိုက် Foldable Smartphone ဖြစ်တဲ့ Find N2 Flip ဟာ နေ့စဥ်အသုံးပြုရာမှာ လက်တွေ့ကျကျ အသုံးဝင်စေဖို့ ဖန်တီးထားတဲ့ အပြင် ခေါက်ရာမရှိသလောက်နည်းပါးတာ၊ ကြာရှည်ခံတဲ့ ဘက်ထရီနှင့် အဆင့်မြင့် UI တို့လို အခြားထိပ်တန်းဆန်းသစ် တီထွင်မှုတွေနဲ့ အတူ ဖန်တီးထည့်သွင်းထားပါတယ်။ OPPO ဟာ ၂၀၂၃ ခုနှစ် မတ်လကနေ စတင်၍ အနောက်ဥရောပ၊ အရှေ့တောင်အာရှ၊ အာရှအရှေ့အလယ်ပိုင်း၊ လက်တင်အမေရိကနဲ့ တောင်အာရှနိုင်ငံတွေမှာ OPPO Find N2 Flip ကို စတင် ရောင်းချခဲ့ပြီး နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ ရှေ့ဆောင်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။

Canalys ရဲ့ စစ်တမ်းအသစ်အရ OPPO ဟာ ၂၀၂၃ ခုနှစ် ပထမ ၃ လ အတွင်း တရုတ်နိုင်ငံမှာ Foldable Smartphone စျေးကွက်ဝေစုကို ၃၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး လုပ်ငန်းကြီးထွားလာမှုအပိုင်းမှာ ဦးဆောင်နေကြောင်း ဖော်ပြထားပါတယ်။ Find N2 Flip ရဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ စီးပွားရေးအောင်မြင်မှုတွေဟာ ၂၀၂၂ခုနှစ် ပထမ ၃ လ အတွင်း OPPO ရဲ့ စျေးကွက်ဝေစုကို ၅ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာစေခဲ့ပြီး ယခုနှစ် Global Foldable Market ကို OPPO က စံချိန်တင်နိုင်စေခဲ့ကြောင်း Canalys ရဲ့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။

OPPO ဟာ Foldable Smartphone တွေရဲ့ အောင်မြင်မှုကြောင့် သိသာထင်ရှားတဲ့ အလားအလာကောင်းတွေကို ပြသလျက်ရှိပြီး ယခုနှစ်အတွင်း စွမ်းဆောင်ရည် လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ Counterpoint Research ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်း Foldable Smartphone တွေ တင်ပို့ရောင်းချမှုဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ၁၁၄ ရာခိုင်နှုန်းအထိ နှစ်အလိုက် တိုးတက်မှုနှုန်းနဲ့ တိုးလာနိုင်ပြီး ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ဖုန်းအလုံးရေ ၅၅ သန်းအထိ လေးဆတိုးမြှင့် တင်ပို့ရောင်းချလာမယ်လို့ ခန့်မှန်းထားပါတယ်။ OPPO အပါအဝင် တရုတ် Original Equipment Manufacturer တွေဟာ Foldable Smartphone စျေးကွက်ကို လျင်မြန်စွာ ကိုင်တွယ်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် စျေးကွက်ဝေစု ၂၆ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံရဲ့ စျေးကွက်ဦးဆောင်မှုကို ပေါ်ထွန်းလာစေဖို့ အထောက်အကူပြုခဲ့သည်။

OPPO ရဲ့ “Flip Mobile Phone Innovation Formula” ကို Find N ဖုန်းကနေ နောက်ဆုံးထွက်ရှိထားတဲ့ Find N3 Flip စမတ်ဖုန်းတို့အထိ ထင်ရှားစွာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ OPPO အနေနဲ့ Foldable Smartphone ဈေးကွက်ကြီးထွားမှုကို ဦးဆောင်ဖိုနဲ့ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုအပေါ် အလေးပေးလုပ်ဆောင်ကာ သုံးစွဲသူအတွေ့အကြုံကို မြှင့်တင် သွားမှာဖြစ်ပါတယ်။

Media release: OPPO