realme ဟာ ယခုနှစ်အစောပိုင်းကမှ realme 10 Series ဖုန်းတွေကို စျေးကွက်အတွင်းမှာ စတင်ရောင်းချနေတာဖြစ်ပါတယ်။ အခုလည်း လာမယ့် မေလအတွင်းမှာ တရုတ်နိုင်ငံစျေးကွက်အတွက် realme 11 Series ဖုန်းတွေကို ထပ်မံမိတ်ဆက်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။

အဆိုပါ realme 11 Series ဖုန်းတွေထဲမှာ အကောင်းဆုံးက realme 11 Pro+ ဖုန်းလို့ သိရပြီး အခုလည်း realme China ရဲ့ Marketing Director ဖြစ်တဲ့ Jessie က realme 11 Pro+ က ရိုက်ကူးထားတဲ့ ဓါတ်ပုံကို Weibo စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

အခုဓါတ်ပုံရဲ့ ထူးခြားချက်ကတော့ လပုံကို ရိုက်ကူးထားတာဖြစ်ပြီး လက်ရှိ Samsung ၊​ vivo နဲ့ တခြားသော စမတ်ဖုန်းတွေလိုမျိုး လပုံကို ရိုက်ကူးဖို့အတွက် Moon Mode ကို သီးသန့်ထည့်သွင်းထားမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် realme 11 Pro+ ဖုန်းမှာ Telephoto Camer Sensor ပါဝင်ဖို့က ကျိန်းသေနေပြီဖြစ်ပါတယ်။

realme 11 Pro+ ဖုန်းဟာ Primary Camera ကို 200MP Samsung ISOCELL Sensor ကို အသုံးပြုထားမှာဖြစ်ပြီး Camera ပိုင်းကို အဓိကအာရုံစိုက်လာမယ့်ပုံစံပါပဲ။

ကျန်တဲ့အချက်အလက်တွေအနေနဲ့ကတော့ realme 11 Pro+ ဖုန်းဟာ Curved 6.7″ OLED Display ၊ 120Hz Refresh Rate ၊ 100W Fast Charging ပါဝင်တဲ့ 5000mAh Battery တွေအပြင် MediaTek ရဲ့ မမိတ်ဆက်ရသေးတဲ့ Dimensity 7000 Series Chipset အသစ်ပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena