realme 14 5G ကို ထိုင်းမှာ ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ Mecha Design လို့ခေါ်တဲ့ စိတ်ဝင်စားစရာ Version ပါလာပြီး ဂိမ်း ဝါသနာရှင်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။

Realme 14 5G comes with Snapdragon 6 Gen 4 and Mecha Design

realme 14 5G ရဲ့ Chipset က Snapdragon 6 Gen 4 ဖြစ်ပြီး 12GB RAM နဲ့ တွဲဖက်ထားပါတယ်။ 6.67” AMOLED FullHD+ Display သုံးထားပြီး 120Hz Refresh Rate ပါပါတယ်။

Realme 14 5G comes with Snapdragon 6 Gen 4 and Mecha Design

16MP အရှေ့ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP နဲ့ 2MP Depth ကင်မရာ ပါပါတယ်။ ကြီးမားတဲ့ 6,000mAh Battery နဲ့ 45W Wired Charging နဲ့ Bypass Charging ပါလာပြီး ၁၀ နာရီခွဲ ဆက်တိုက် ဂိမ်းကစားနိုင်ပါတယ်။ အပူချိန်လျှော့ချပေးတဲ့ Vapor Chamber ထည့်သွင်းထားပါတယ်။

Android 15 အခြေပြု realme UI 6.0 မောင်းနှင်ထားပါတယ်။ Mecha Silver, Storm Titanium နဲ့ Pink Warrior အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 256GB Version ကို ၃၅၀ ဒေါ်လာနဲ့ 512GB ကို ၄၁၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena