တိုကျို တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဓါတ်ခွဲခန်းထဲကနေ ကြက်သားတုံးတွေကို ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို တီထွင်လိုက်ပါတယ်။

Scientists create lab-grown chicken nuggets that look and taste just like real meat - so, would YOU try them? | Daily Mail Online

ပညာရှင်တွေက သွေးကြောအတုတွေလို အလုပ်လုပ်ပေးတဲ့ ဖိုက်ဘာအခေါင်းပေါက်ပါတဲ့ အထူး Bioreactor တစ်ခုကို အသုံးပြုပြီး ကြက် ကြွက်သား ဆဲလ်တွေထံ အောက်ဆီဂျင်နဲ့ အာဟာရကိုပို့ဆောင်ပေးပါတယ်။ ဒီနည်းလမ်းဟာ အရှည် ၂ စင်တီမီတာ၊ အထူ ၁ စင်တီမီတာနဲ့ အလေးချိန် ၁၀ ဂရမ်ရှိတဲ့ ကြက်သားတုံးတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။

Lab-Grown Chicken Nuggets: Scientists Design A Bioreactor That Makes Cultivated Meat | IFLScience

Bioreactor က စက်ရုပ်ရဲ့ အထောက်အကူ စနစ်ကို အသုံးပြုပြီး ဖိုက်ဘာ ၅၀ ကနေ နောက်ပိုင်းမှာ ၁,၁၂၅ အထိ တိုးမြှင့်ပေးပါတယ်။ ဒီနည်းလမ်းနဲ့ ပညာရှင်တွေက ကြက်ရဲ့ ဆဲလ်တွေကနေ ၁၀ ဂရမ်ထက် ပိုများတဲ့ ကြက် ကြွက်သားကို အောင်မြင်စွာ ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။

ပညာရှင်တွေက အာဟာရ ပို့ဆောင်ပေးတာဟာ ကြက် ကြွက်သားရဲ့ အရည်အသွေးကို ထိခိုက်သလားဆိုတာကို ဆက်လက် သုတေသနပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ရည်ရွယ်ချက်က ဓါတ်ခွဲခန်းက ထုတ်လုပ်တဲ့ ကြက်သား အရသာဟာ သာမာန် ကြက်သားနဲ့ တူညီစေဖို့ ဖြစ်ပါတယ်။

Ref: Technology Innovation