တရုတ်မှ စက်ရုံ တစ်ခုမှာ လူတူစက်ရုပ်ဟာ သူ့ကိုချုပ်နှောင်ထားတာကို ဖယ်ရှားဖို့ ကြိုးစားခဲ့ပြီး လူတွေကို တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့တဲ့ ဗီဒီယို ထွက်ပေါ်လာပါတယ်။
အဲဒီစက်ရုပ်ကို ကရိန်းနဲ့ သယ်ဆောင်လာတာ ဖြစ်ပြီး ရုတ်တရက် သတိဝင်လာကာ ပတ်ဝန်းကျင်မှ အလုပ်သမားတွေကို လက်ကို ဝှေ့ယမ်းကာ တိုက်ခိုက်တဲ့ပုံစံ ဖြစ်လာပါတယ်။ အဲဒီအတွက် အလုပ်သမားတွေဟာ ကြောက်သွားကြပြီး ပုန်းအောင်းခဲ့ကြပါတယ်။
စက်ရုပ်ရဲ့ လက်နဲ့ တိုက်ခိုက်မှုကြောင့် ကွန်ပြူတာ တစ်လုံး ကြမ်းပြင်ပေါ်ကျခဲ့ပြီး အနီးအနားမှ အရာဝတ္ထုတွေကို ထိခိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ အလုပ်သမားတွေက စက်ရုပ်အနားကို ကပ်ဖို့ ကြိုးစားခဲ့ပြီး ပါဝါခလုတ်ကို ပိတ်ခဲ့ရပါတယ်။
အဲဒီ ဗီဒီယိုဟာ အွန်လိုင်းမှာ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူမှုကွန်ရက် သုံးစွဲသူများစွာက မှတ်ချက်များစွာ ပေးခဲ့ကြပါတယ်။ လူတစ်ယောက်က စက်ရုပ်က လူတွေကို တိုက်ခိုက်တာဟာ စိုးရိမ်စရာ ကောင်းတယ်လို့ မှတ်ချက်ပြုပါတယ်။ နောက်တစ်ယောက်က “ Terminator ကို လက်တွေ့မြင်လိုက်ရပါတယ်။ လူသားနဲ့ စက်ရုပ်ရဲ့ စစ်ပွဲကို ကြည့်ရမှာပါ။ “ လို့ ပြောပါတယ်။
Ref : irishstar