Samsung ဟာ လက်ရှိအချိန်မှာ ယခင်တုန်းက မိတ်ဆက်ထားတဲ့ စမတ်ဖုန်းတွေအများအပြားကို Android 13 OS Update ထုတ်ပေးနေပြီဖြစ်ပါတယ်။ မကြာသေးခင်တုန်းက Samsung ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S Series နဲ့ Galaxy Note Series ဖုန်းတွေအတွက်ပဲ ထုတ်ပေးခဲ့ပေမယ့် အခုအချိန်မှာတော့ Mid Range Galaxy A Series ဖုန်းတွေအတွက်ပါ Update ထုတ်ပေးနေပြီလို့ သိရပါတယ်။​

Android 13 OS ကို အစောဆုံး Update ရရှိလာတဲ့ Galaxy A Series ဖုန်းကတော့ Samsung ဖုန်းတွေထဲမှာ ရောင်းအားအကောင်းဆုံးဖုန်းဖြစ်တဲ့ Galaxy A53 ပဲဖြစ်ပါတယ်။ အဆိုပါ Galaxy A53 ဖုန်းဟာ Samsung ရဲ့ Android 13 Update အချိန်စာရင်းအရ ယခုနိုဝင်ဘာလအတွင်းမှာ Update ရရှိမှာဖြစ်ပြီး လက်ရှိအချိန်မှာ တချို့သော Region တွေမှာ Update ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

အစောဆုံး Update ပြုလုပ်နိုင်တဲ့ Region ကတော့ Netherlands နိုင်ငံဖြစ်ပြီး မကြာခင်မှာ တခြားသော Region တွေပါ Update ပြုလုပ်နိုင်မယ်လို့ ယူဆရပါတယ်။ Galaxy A53 ဖုန်းအတွက် Android 13 OS ကို အခြေခံထားတဲ့ OneUI 5 ဟာ Firmware Build Number A536BXXU4BVJG ဖြစ်ပြီး File Size အနေနဲ့ 2GB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။​

Android 13 OS ကို အခြေခံထားတဲ့ OneUI 5 Update ဟာ Lock Screen Customization အသစ်တွေ၊​ Widget ပိုင်းပြောင်းလဲမှုတွေအပြင် ဖုန်းအတွင်းပိုင်း Setting တွေမှာလည်း ပြောင်းလဲမှုအသစ်တွေအများအပြားပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena