Samsung ရဲ့ Galaxy Gear Smartwatch တွေက လက်ရှိ Android Wear လည်းမဟုတ်တဲ့ Apple Watch လိုမျိုးလည်းမဟုတ်ပေမယ့် Samsung စမတ်ဖုန်းအသုံးပြုသူတွေကြားမှာတော့ နာမည်ကြီးတဲ့ Smartwatch တစ်ခုပါ။ အခုအချိန်မှာတော့ Samsung ကနေ Gear Smartwatch အသစ်ကို ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။

Samsung ရဲ့ အခု Smartwatch အသစ်ကို Galaxy Gear S4 လို့ နာမည်ပေးထားတယ်လို့ သိရပြီးတော့ Codename အနေနဲ့ Galileo လို့ သိရပါတယ်။ အခု Gear S4 Smartwatch က ယခင် Gear Smartwatch တွေနဲ့ မတူညီတာက အရွယ်အစား ၂ မျိုး ထုတ်လုပ်လာမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Apple Smartwatch ကပဲ 38mm နဲ့ 42mm အရွယ်အစား ၂ ခုရောင်းချနေတာဖြစ်ပြီးတော့ Samsung Galaxy Gear Smartwatch တွေကတော့ အရွယ်အစားတစ်ခုထဲအနေနဲ့ပဲ ရောင်းချခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီတစ်ခါမှာတော့ Samsung Gear Smartwatch တွေကို ရွေးချယ်မယ့်သူတွေအတွက် ကိုယ့်လက်နဲ့ အဆင်ပြေတဲ့ အရွယ်အစားကို ရွေးချယ်နိုင်တော့မှာပါ။

ဒါပေမယ့် Samsung ကတော့ အခု Gear S4 Smartwatch က ဘယ်လိုဒီဇိုင်းဖြစ်လာမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။ ဒါကလည်း Samsung က သူထုတ်ခဲ့တဲ့ Smartwatch တွေအားလုံးမှာ ဒီဇိုင်းတစ်မျိုးစီပြောင်းနေတာဖြစ်တဲ့အတွက် အခု Gear S4 ဒီဇိုင်းကလည်း မျှော်လင့်ရဦးမှာပါ။

အခုအချိန်မှာ Google ကနေ Android Wear OS ကနေ WearOS ကိုပဲပြောင်းလဲခဲ့တဲ့အတွက် အခု Galaxy Gear S4 Smartwatch မှာ Google ရဲ့ WearOS အသစ်ကိုလည်း အသုံးပြုနိုင်ဖွယ်ရှိပေမယ့် ဖြစ်နိုင်ခြေများနေတာကတော့ Tizen OS ကိုပဲ အသုံးပြုလာဦးမှာပါ။