Samsung Myanmar မှ မြန်မာနိုင်ငံရှိ သုံးစွဲသူများအား အကောင်းဆုံးနေထိုင်မှုဘဝကို ပုံဖော်ပေးသွားမည့် Neo QLED 4K, 8K / QLED 4K/ Lifestyle တီဗီ / Freestyle တီဗီအမျိုးအစားအသစ်များ စတင်မိတ်ဆက်

၁၆ နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ် တီဗီထုတ်လုပ် ရောင်းချသူ အဖြစ် ဦးဆောင်နေသည့် Samsung Electronics သည် ၎င်းတို့၏ အရည်အသွေး အမြင့်မားဆုံးသော နောက်ဆုံးပေါ် ၂၀၂၂ ခုနှစ်ထုတ် တီဗီအမျိုးအစားသစ်များအား မြန်မာနိုင်ငံဈေးကွက်တွင် မိတ်ဆက်ခဲ့ကြောင်း ကြေညာခဲ့သည်။ Samsung ၏ နောက်ဆုံးပေါ် တီဗီအမျိုးအစားသစ်များ ဖြစ်ကြသော Neo QLED 4K / 8K၊ QLED 4K၊ Lifestyle တီဗီများဖြစ်သည့် The Sero နှင့် The Serif အပြင် International Forum (iF) Design Award 2022 တွင် Gold award ချီးမြှင့်ခံရသည့် Freestyle ထုတ်ကုန်သစ်များအား ဇူလိုင်လ ၁၈ ရက်နေ့၌ ရန်ကုန်မြို့ ၊ Lotte ဟိုတယ် Crystal Ballroom တွင် နာမည်ကျော် အနုပညာရှင်များ ဖြစ်ကြသော ပိုးမမှီသာ၊ သူရိန်ကျော်မိုးနှင့် ခရစ်တီးနားလင်း တို့နှင့်အတူ ကြီးကျယ်ခမ်းနားစွာ မိတ်ဆက်ခဲ့ပြီး အခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့သည်။

“ကျွန်တော်တို့ Samsung ကသုံးစွဲသူတိုင်းအတွက် အကောင်းဆုံးသော လူနေထိုင်မှုအနေအထားကို ဖန်တီးပုံဖော် ပေးသွားမယ့် အရည်အသွေးမြင့် အသက်ဝင်ဆုံးလှုပ်ရှားမှုပုံရိပ်များ၊ အဆင့်မြင့် ဂိမ်းကစားခြင်းအတွေ့အကြုံတို့ အပြင် ကျယ်ပြန့်သောမျက်နှာပြင်မှ အမိုက်စားကြည့်ရှုမှုအတွေ့အကြုံတွေ ထည့်သွင်းတည်ဆောက်ထားတဲ့ တီဗီထုတ်ကုန်သစ် များကို အခုလိုမိတ်ဆက်ပြသခွင့်ရတဲ့အတွက် အလွန်မင်းဂုဏ်ယူစိတ်လှုပ်ရှားမိပါတယ်။” ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Mr. Harrison Song က ပြောကြားခဲ့သည်။ ဆက်လက်၍, “ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ အမျိုးမျိုးသော လိုအပ်ချက်တွေ၊ဆန္ဒတွေနဲ့ လိုက်လျောညီထွေမှုဖြစ်တဲ့ ထုတ်ကုန်ပစ္စည်း၊ နည်းပညာအသစ်တွေကို စဉ်ဆက်အမြဲ တီထွင်ဖန်တီးလျက်ရှိပြီး သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝအတွေ့အကြုံ၊ ကိုယ်ပိုင်လူနေမှုဘဝမှာရော လုပ်ငန်းနယ်ပယ်မှာပါ အကောင်းဆုံးသော လုပ်ဆောင်ချက်များ၊ စွမ်းရည်မြင့် သုံးစွဲမှုအတွေ့အကြုံအသစ်များကို ပေးအပ်သွားနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားလျက်ရှိပါတယ်။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

NEO QLED 4K/8K

Samsung ၏ နောက်ဆုံးပေါ် NEO QLED 8K TV တွင် Quantum Matrix Technology နှင့် Neo Quantum Processors 8K နည်းပညာများအား ပေါင်းစပ်ထည့်သွင်းထားသည့်အတွက် ကျယ်ပြန့်သော မျက်နှာပြင်ပေါ်မှတဆင့် ပိုမိုကြည်လင်ပြတ်သား၍ သဘာဝကျကျရုပ်ထွက် အရည်အသွေးများအား ကြည့်ရှုခံစားသွားနိုင်သကဲ့သို့ NEO QLED 4K TV တွင်လည်း Quantum Dot နည်းပညာသည် အရောင်အသွေးမျိုးစုံ ပြည့်ဝသောပုံရိပ်များစွာကို တစ်ပြိုင်တည်း ကြည့်ရှုခံစားနိုင်စေရန် အကောင်းဆုံး ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အလားတူပင် Gaming Hub၊ Super Ultrawide GameView နှင့် စွမ်းဆောင်ရည်မြင့် Dolby Atmos AI Surround အသံစနစ်စသည့် နောက်ဆုံးပေါ် လုပ်ဆောင်ချက်များလည်း ထည့်သွင်းထားသောကြောင့် ဂိမ်းဝါသနာရှင်များ၊ ဂိမ်းချစ်သူများအနေနှင့် အဆင့်အမြင့်မားဆုံးသော ဂိမ်းအတွေ့အကြုံများအား အပြည့်အဝခံစားနိုင်မည် ဖြစ်သည်။ ထို့အပြင် Quantum HDR 24x (HDR10+ Adaptive Certified) ပါရှိသည့်အတွက် Multi-viewing လုပ်ဆောင်ချက်နှင့်အတူ ကြည်လင် ပြတ်သားသော 8K နှင့် 4K အဆင့် ရုပ်ရှင်အရည်အသွေးကိုလည်း ကြည့်ရှုသွားနိုင်မည် ဖြစ်သည်။

QLED 4K TV

Quantum Processor 4K Lite လုပ်ဆောင်ချက် ပါရှိသည့်အတွက် ကြည်လင်ပြတ်သား၍ အရောင်အသွေး စိုပြည်သော 4K အဆင့် ရုပ်ထွက်အရည်အသွေးအား ပေးစွမ်းနိုင်သည့် Samsung ၏ နောက်ဆုံးပေါ် QLED 4K တီဗီအား သပ်ရပ်လှပသော ကိုယ်ထည်၊ ကျယ်ပြန့်သော မျက်နှာပြင်များနှင့်အတူ အခန်းအတွင်း နေရာယူမှု နည်းနိုင်သမျှ နည်းစေရန် အထူး ဒီဇိုင်းဆွဲတည်ဆောက်ထားသည်။ ထို့အပြင် အဆင့်မြင့် Q Symphony စနစ်နှင့် GameHub လုပ်ဆောင်ချက် များ ပါရှိသည့်အတွက်လည်း မလိုလားအပ်သည့် ရုပ်ထွက်ဝေဝါးမှုနှင့် တုန်ခါမှုများအား လုံးဝ ကြုံတွေ့ရမည် မဟုတ်ပဲ သုံးစွဲသူများအနေနှင့် သူမတူသော ဂိမ်းကစားမှုအတွေ့အကြုံနှင့် အသံအရည်အသွေးများ အား အပြည့်အဝခံစားရရှိ နိုင်မည် ဖြစ်သည်။

Lifestyle TVs – The Sero & The Serif

ထို့အပြင် Samsung မှ သူမတူထည်ဝါခံ့ညားသောဒီဇိုင်း၊ ဆန်းသစ်ဆုံးသော နည်းပညာသစ်များနှင့် ပေါင်းစပ်ဖန်တီး ထားသည့် Lifestyle တီဗီများဖြစ်ကြသော The Sero နှင့် The Serif တီဗီမော်ဒယ် အသစ်များကိုလည်း အတူတကွ မိတ်ဆက်ခဲ့သည်။ မရှိမဖြစ် အိမ်သုံးပရိဘောဂတစ်ခုဟူ၍ ဆိုနိုင်သော တီဗီအား ယခုကဲ့သို့ ထူးခြားသစ်လွင်သည့် တီဗီသွင်ပြင်လက္ခဏာများနှင့်အတူ အရောင်သွေးကြည်လင်ပြီး ပြတ်သားသော ရုပ်ပုံအရည်အသွေးအပြည့် ပေးအပ်သွားရန် The Sero နှင့် The Serif တီဗီများအား ဖန်တီးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ မှန်မျက်နှာပြင်အား anti-glare, anti-reflection နှင့် anti-fingerprint စသော စွမ်းဆောင်ရည်များအား ထည့်သွင်း တည်ဆောက်ထားသည့်အတွက် အသုံးပြုသူများ၏ အမြင်အာရုံနှင့် ကြည့်ရှုမှုအနေအထားများအား အသက်သာဆုံး ပုံစံဖြင့် ကြည့်ရှုခံစားနိုင်စေသည့်အတွက် ဂျာမနီနိုင်ငံမှ Verband Deutscher Elektrotechniker (VDE) အဖွဲ့အစည်း၏ ‘Eye Care’ အသိမှတ်ပြုလက်မှတ်ကိုလည်း ရရှိထားပြီး ဖြစ်သည်။ မည်သို့သော အခန်းအပြင်အဆင် မျိုးနှင့်မဆို လိုက်လျောစွာပေါင်းစပ်ထားရှိနိုင်သည့် ဆန်းသစ်လှပသော တီဗီပုံစံ အမျိုးအစားများအား ကြိုက်နှစ်သက်သူများ အတွက် The Sero နှင့် The Serif တီဗီများသည် ဒေါင်လိုက် (သို့မဟုတ်) အလျားလိုက် ကြည့်ရှုနိုင်မှု မြင်ကွင်းများမှ တစ်ဆင့် အဆင့်အမြင့်မားဆုံးနှင့် အကောင်းမွန်ဆုံးသော သုံးစွဲမှုအတွေ့အကြုံများကို ပေးအပ်သွားမည် ဖြစ်သည်။

Freestyle TV

Samsung ၏ ထူးခြားဆန်းသစ်မှု အရှိဆုံး ထုတ်ကုန်အသစ် Freestyle သည် သုံးစွဲသူများအား ၁၈၀ ဒီဂရီ ဒီဇိုင်းဖြင့် အချိန်နေရာမရွေး အလွယ်တကူ ချိတ်ဆက် ကြည့်ရှုစေနိုင်မည့် စမတ်တီဗီ ကြည့်ရှုမှု အတွေ့အကြုံအား ယူဆောင်လာပေးမည် ဖြစ်သည်။ မျက်နှာပြင်အကျယ် လက်မ ၁၀၀ အထိ စိတ်ကြိုက် ချိန်ညှိကြည့်ရှုနိုင်မည့်အပြင် အလင်းထုတ်လွှင့်နိုင်မှု ပမာဏ 550 lumens နှင့် HDR10 လုပ်ဆောင်ချက်များအား 360° စပီကာနှင့် 5-watt woofer တို့၏ မြင့်မားလှသော အသံအရည်အသွေး လုပ်ဆောင်ချက်များဖြင့် ပေါင်းစပ်ထားသောကြောင့် ကြည်လင်ပြတ်သားမှု အရှိဆုံး ပုံရိပ်များအား သူမတူသော အတွေ့အကြုံနှင့် ခံစားကြည့်ရှုနိုင်မည် ဖြစ်သည်။ သုံးစွဲသူများ အနေနှင့် Samsung Freestyle အား Bluetooth ချိတ်ဆက်မှုမှတဆင့် ဖြစ်စေ၊ Built-in Certified OTT အက်ပလီကေးရှင်းများစွာမှ တဆင့် ဖြစ်စေ အလွယ်တကူ ချိတ်ဆက်၍ မိမိစိတ်ကြိုက် ဖျော်ဖြေရေးအစီအစဉ်များ၊ ရုပ်ရှင်များနှင့် သီချင်းများအား ကြည့်ရှုခံစား သွားနိုင်မည် ဖြစ်သည်။ ပိုမိုမြင့်မားလာသော လူနေမှုအဆင့်အတန်းများ၏ ရှေ့ဆောင်လူနေမှုပုံစံသစ် gadget အဖြစ် မိတ်ဆက်ခဲ့သည့် Samsung ၏ Freestyle သည် အချိန်မရွေး နေရာမရွေး များစွာသော လုပ်ဆောင်ချက်များကို လွယ်ကူလျင်မြန်မှု အပြည့်ဖြင့် ဆောင်ရွက်နိုင်ရန် အကောင်းမွန်ဆုံး ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ထို့အပြင် ၂၀၂၂ တီဗီမော်ဒယ်အသစ်များအား ဝယ်ယူအားပေးသူများအား ကျေးဇူးတုံ့ပြန်သော အနေနှင့် Samsung Myanmar သည် သက်ဆိုင်ရာ တီဗီမော်ဒယ်များအလိုက် တီဗီ ၁ လုံး ဝယ် ၁ လုံးလက်ဆောင် ရရှိနိုင်မည့် Buy 1 Get 1 အစီအစဉ်နှင့် မြန်မာငွေကျပ် ၁၅၀,၀၀၀ မှ ၂၅၀,၀၀၀ အထိ ‌ငွေသားလက်ဆောင် ပြန်လည်ရရှိနိုင်မည့် Cash Back Trade In အစီအစဉ်များ အပါအဝင် များစွာသော ပရိုမိုးရှင်းအစီအစဉ်များကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များအား Samsung Myanmar ၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာ https://www.samsung.com/mm/ အပါအဝင် မြန်မာနိုင်ငံတဝန်းရှိ Samsung Showrooms များနှင့် အမှတ်တံဆိပ် အရောင်းဆိုင်များတွင် ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

Promotion ကာလမှာ ဇူလိုင်လ ၂၂ရက်နေ့မှ သြဂုတ်လ ၁၄ရက်နေ့အထိ ဖြစ်သည်။

Press Release – Samsung