Tesla CEO Elon Musk ဟာ X လူမှုကွန်ရက်မှာ Kekius Maximus နာမည်ပြောင်းလိုက်ပြီး ပရိုဖိုင် ဓါတ်ပုံကို Pepe of Frog ပြောင်းလိုက်ပါတယ်။
![]()
Musk ရဲ့ နာမည်ပြောင်းလိုက်မှုကြောင့် အဲဒီ နာမည်နဲ့တူတဲ့ Memecoin ရဲ့ တန်ဖိုးဟာ ၂၄ နာရီအတွင်း ၆၀၀ ရာခိုင်နှုန်းကျော်ခုန်တက်သွားတယ်လို့ Benzinga ရဲ့ ဒေတာမှာ ဖော်ပြထားပါတယ်။ အလားတူပဲ သူ့ ပရိုဖိုင် ဓါတ်ပုံကို ပြောင်းလိုက်တဲ့အတွက် Pepe ရဲ့ တန်ဖိုးဟာ ၇ ရာခိုင်နှုန်း တက်သွားပါတယ်။
/wion/media/media_files/2024/12/31/SjJb3P8BjVGKrRqTMg6D.png)
Musk ရဲ့ လူမှုကွန်ရက်မှာ ပြုလုပ်ခဲ့တဲ့ အရာတွေကြောင့် Crypto ကမ္ဘာကို လွှမ်းမိုးမှုဟာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ နာမည်ကြီး Memecoin ဖြစ်တဲ့ Dogecoin ဟာ Musk ရဲ့ အကြိုက်ဖြစ်ပါတယ်။ သူဟာ X မှာ အဲဒီ Memecoin ရဲ့ နာမည်နဲ့ ပရိုဖိုင် ဓါတ်ပုံတွေကို မကြာခဏ ပြောင်းလဲလေ့ ရှိပါတယ်။ သူဟာ တစ်ခါက တွစ်တာ ( ယခု X) ရဲ့ Display Picture ကို Dogecoin ရဲ့ အထင်ကရ သင်္ကေတ ဖြစ်တဲ့ Shiba Inu Dog ပုံကို ပြောင်းလဲခဲ့ဖူးပါတယ်။
Ref : Tech Explorers