Apple CEO တင်ကွတ် က iPhone အသစ်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကြေညာမယ်လို့ X လူမှုကွန်ရက်မှာ အတည်ပြုလိုက်ပါတယ်။
Get ready to meet the newest member of the family.
Wednesday, February 19. #AppleLaunch pic.twitter.com/0ML0NfMedu
— Tim Cook (@tim_cook) February 13, 2025
ပေါက်ကြားသတင်းတွေနဲ့ Apple ထုတ်ကုန်တွေအကြောင်း အတွင်းကျကျ သိတဲ့ Bloomberg ရဲ့ Mark Gurman ရဲ့ အတည်ပြုချက်အရ အဲဒါဟာ နောက်မျိုးဆက် iPhone SE ဖြစ်ပြီး iPhone SE 4 လို့ အမည်ပေးထားနိုင်ပါတယ်။ တချို့ သတင်းတွေက အဲဒီဖုန်းကို iPhone 16E လို့ အမည်ပေးထားမယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် iPhone SE 4 အမည်နဲ့ပဲ ထွက်လာနိုင်ပါတယ်။
iPhone SE 4 ဟာ iPhone 14 ဒီဇိုင်းနဲ့ တူညီနိုင်ပြီး A18 Chip , 8GB RAM နဲ့ အနောက်ကင်မရာ ၁ လုံး ပါလာမယ်လို့ သတင်းထွက်နေပါတယ်။
ဈေးနှုန်းက ၄၉၉ ဒေါ်လာကနေ စတင်နိုင်ပြီး နောက်ထွက်မယ့် Google Pixel 9a နဲ့ တူညီနိုင်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးဟာ ပြိုင်ဖက်တွေ ဖြစ်လာမှာပါ။
Ref : gsmarena