TikTok ကို အမေရိကန်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ပိတ်ပင်ခဲ့ပြီး App Store တွေကနေ ဖယ်ရှားခဲ့တာ ၁၃ နာရီကြာပါတယ်။ ဒါပေမယ့် ဂျိုးဘိုင်ဒင် ထံကနေ သမ္မတရာထူးကို ဒေါ်နယ်ထရမ့် ရယူပြီးနောက်မှာ ထရမ့်က ဒီလ ၂၀ ရက်နေ့မှာ TikTok ပိတ်ပင်တာကို ၇၅ ရက် နောက်ဆုတ်ဖို့ အမေရိကန် တရားသူကြီးချုပ်ကို ညွှန်ကြားခဲ့ပါတယ်။
အဲဒီအတွက် TikTok ပိုင်ရှင် ByteDance ဟာ TikTok ကို အမေရိကန် ကုမ္ပဏီကို ရောင်းချဖို့ ဧပြီလ ၅ ရက်နေ့အထိ အချိန်ရသွားပါတယ်။ ထရမ့်ရဲ့ အမိန့်ကြောင့် အမေရိကန် ပြည်သူ သန်း ၁၇၀ အသုံးပြုနေတဲ့ TikTok ဟာ ပြန်လည်ရှင်သန်ခွင့်ရသွားပါတယ်။
ထရမ့်က အမေရိကန် နိုင်ငံရဲ့ လုံခြုံရေးကို ကာကွယ်သွားမှာ ဖြစ်သလို TikTok ကိုလည်း ဆက်လက် လည်ပတ်နိုင်အောင် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
ထရမ့်က ByteDance နဲ့ အမေရိကန် အစိုးရဟာ TikTok ကို ပူးတွဲ လုပ်ကိုင်ဖို့ အဆို တင်သွင်းထားပြီး အမေရိကန် အစိုးရက ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတာ မသိရသေးပါဘူး။ လက်ရှိမှာတော့ TikTok ဟာ အမေရိကန်မှာ ဆက်လက် လည်ပတ်နိုင်ခွင့်ရထားပါတယ်။
Ref : gsmarena