Xiaomi 15 Ultra ကို ကြေညာလိုက်ပြီ ဖြစ်ပြီး ဒီဇိုင်းက တော်တော် မိုက်ပါတယ်။ နောက်ဆုံးထုတ် Chipset ကို သုံးထားပြီး ကြီးမားတဲ့ Battery နဲ့ အမိုက်စား ကင်မရာတွေ ပါလာပါတယ်။
Xiaomi 15 Ultra မှာ Snapdragon 8 Elite ကို 12GB or 16GB LPDDR5X RAM ၊ 256GB or 512GB or 1TB UFS 4.1 Storage နဲ့ တွဲထားပါတယ်။ Chipset အသစ်ဟာ စွမ်းဆောင်ရည် ၄၅ ရာခိုင်နှုန်း ပိုကောင်းလာပြီး စွမ်းအင် စားသုံးမှု ၅၂ ရာခိုင်နှုန်း နည်းသွားပါတယ်။
ကြီးမားတဲ့ 6,000mAh Battery ကို သုံးထားပြီး 90W Wired နဲ့ 80W Wireless Charging ထည့်ထားပါတယ်။ Display အတွက် 6.73” 3200x1440p AMOLED ကို တပ်ဆင်ထားပြီး 1-120Hz Refresh Rate နဲ့ 3,200 Nits Brightness ထည့်ထားပါတယ်။ Display ကို Xiaomi Shield Glass 2.0 နဲ့ ကာကွယ်ထားပါတယ်။ Black , White နဲ့ အထူးထုတ် Silver Chrome Edition ထုတ်ထားပါတယ်။
ကင်မရာအကြောင်းပြောရရင် Leica-tuned ကင်မရာ ၄ လုံး တပ်ထားပြီး Wide, Short Telephoto , Long Telephoto နဲ့ Ultrawide တို့ ဖြစ်ပါတယ်။ ပင်မ ကင်မရာက 1-inch 50MP Sony LYT-900 ဖြစ်ပြီး 50MP Ultrawide , 50MP Telephoto , 200MP Periscope Telephoto ကင်မရာတွေနဲ့ တွဲဖက်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ အနောက်ကင်မရာ ၄ လုံးဟာ 8K 30fps Video ရိုက်ကူးနိုင်ပါတယ်။ ဆဲလ်ဖီး အပါအဝင် ကင်မရာ အားလုံးဟာ 4K 60fps Video ရိုက်နိုင်ပါတယ်။
Xiaomi 15 Ultra မှာ Android 15 အခြေပြု HyperOS 2 ထည့်ထားပါတယ်။ HyperAI မှာ AI Writing ပါလာပြီး စာရေးတာ၊ စာတည်းဖြတ်တာ၊ စာအကျဉ်းချုပ် ပြုလုပ်တာ၊ အသံကနေ စာသားပြောင်းတာတွေ ပြုလုပ်နိုင်ပါတယ်။
တရုတ်မှာ Xiaomi 15 Ultra ရဲ့ 12/256GB ကို ၆,၄၉၉ ယွမ် (၈၉၃ ဒေါ်လာ)၊ 16/512GB ကို ၆,၉၉၉ ယွမ် (၉၆၁ ဒေါ်လာ)နဲ့ 16GB RAM/1TB ကို ၇,၇၉၉ ယွမ် (၁,၀၇၁ ဒေါ်လာ ) သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မတ်လ ၃ ရက်နေ့ ရောင်းမှာပါ။ နိုင်ငံတကာမှာ မတ်လ ၂ ရက်နေ့ ရောင်းချမှာပါ။
Ref : gsmarena